၁၈ ရာစု တရုတ်

December 15, 2016

၁၈ ရာစု တရုတ်အင်ပါယာစည်းတံဆိပ်တုံး ပေါင် ၂၁ သန်းဖြင့် စံချိန်တင် လေလံအောင်

တရုတ်နိုင်ငံရဲ့ ၁၈ ရာစုအင်ပါယာ စည်းတံဆိပ်တုံးတတုံးကို စံချိန်တင်လေလံ ပေါင် ၂၁ သန်းနဲ့ ရောင်းချနိုင်ခဲ့ပြီလို့ ဘီဘီစီသတင်းတပုဒ်မှာ ဒီကနေ့ ဖော်ပြပါတယ်။ ပြစ်သစ်နိုင်ငံ၊ ပဲရစ်မြို့၊ Drouot auction house မှာ ဒီဇင်ဘာ ၁၄ ရက်နေ့က ပြုလုပ်တဲ့ လေလံပွဲမှာ အမည်မဖော်လိုတဲ့ တရုတ်ရှေးဟောင်းပစ္စည်း စုဆောင်းသူတဦးက ဝယ်ယူခဲ့ပြီး ဒါဟာ မူလခန့်မှန်းလေလံကြေးငွေထက် အဆ ၂၀ ရရှိခဲ့တာလို့ ဆိုပါတယ်။ ဇီးသီးတလုံးရဲ့ အရွယ်အစားလောက်ရှိမယ့် ဒီ စည်းတံဆိပ်တုံးဟာ အဖြူရောင်နဲ့ အနီရောင် ကံ့ကူဆန်ကျောက်တုံးနဲ့ ပြုလုပ်ထားပြီး တရုတ်အင်ပါယာသမိုင်းမှာ ကာလအရှည်ဆုံး စိုးစံခဲ့တဲ့ ကျန်လုံဘုရင် အသုံးပြုခဲ့တဲ့ စည်းတံဆိပ်ဖြစ်တယ်လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၁ ခုနှစ်ကတော့ ဒီစည်းတံဆိပ်တုံးဟာ လေလံတင်ကြေး ပေါင် ၁၄ သန်းသာ ရရှိခဲ့တာဖြစ်တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။ ကျန်လုံဘုရင်ဟာ အနုပညာရှင်တဦးလည်းဖြစ်ပြီး သူစိုးစံချိန်ကာလမှာ ကိုယ်တိုင် ဖန်တီးအသုံးပြုတဲ့ စည်းတံဆိပ်တုံးပေါင်း ၁၈၀၀ ကျော် ရှိခဲ့တာပါ။ အဲဒီထဲက စည်းတံဆိပ်တုံး ၇၀၀ လောက်ကတော့ ပျောက်ဆုံးနေခဲ့ကာ ကျန်တဲ့ ၁၀၀၀ ကတော့ တရုတ်နိုင်ငံ၊ ဘေဂျင်းမြို့ ရှေးဟောင်းနန်းတော်ပြတိုက်မှာ ထိန်းသိမ်းထားရှိတယ်လို့ ဆိုပါတယ်။
5 years Ago
Up