၁၈ နှစ်ကြာစစ်ပွဲ

March 1, 2020

အမေရိကန်နှင့်တာလီဘန်ကြား ၁၈ နှစ်ကြာစစ်ပွဲ အဆုံးသတ်

၁၈ နှစ်ကြာစစ်ပွဲတွေဖြစ်နေတဲ့ အမေရိကန်ပြည်ထောင်စုနဲ့ တာလီဘန်သူပုန်အဖွဲ့ကြား သမိုင်းဝင်ငြိမ်းချမ်းရေး သဘောတူစာချုပ်တရပ်ကို ကာတာနိုင်ငံ ဒိုဟာမြို့မှာ ဖေဖော်ဝါရီ ၂၉ ရက် က  လက်မှတ်ထိုးလိုက်ပါတယ်။ အမေရိကန်အနေနဲ့ လာမယ့် ၃ လကနေ ၄ လအတွင်းမှာ တပ်ဖွဲ့ဝင်အင်အားကို ၁၃၀၀၀ ကနေ ၈၆၀၀ အထိ လျှော့ချသွားမှာဖြစ်ပြီး ကျန်တဲ့တပ်ဖွဲ့ဝင်အားလုံးကိုတော့ ၁၄ လအတွင်း ပြန်ရုပ်သိမ်းမှာဖြစ်ပါတယ်။ အမေရိကန်တပ်တွေ အာဖဂန်ကနေ လုံးဝရုပ်သိမ်းဖို့ ကိစ္စကတော့ တာလီဘန်တွေအနေနဲ့ အကြမ်းဖက်ဝါဒ မဖြစ်အောင် ဘယ်လောက်အထိ ကာကွယ်သွားမလဲဆိုတဲ့အပေါ်မှာ မူတည်မှာ ဖြစ်တယ်လို့လည်း အမေရိကန်က ပြောပါတယ်။  အမေရိကန်နဲ့တာလီဘန်တို့ကြားမှာ ငြိမ်းချမ်းရေးသဘောတူညီမှု ရလိုက်တဲ့အတွက် အမေရိကန်အနေနဲ့ အာဖဂန်အစိုးရကို ပစ်ပယ်ထားသွားမှာမဟုတ်ဘဲ လိုအပ်တဲ့ အကူအညီတွေကို ပေးသွားမှာဖြစ်တယ်လို့လည်းပြောပါတယ်။  အာဖဂန်တာလီဘန်ခေါင်းဆောင်တွေနဲ့ ကိုယ်တိုင်တွေ့ဆုံသွားမယ်လို့လည်း  အမေရိကန် သမ္မတ က သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။ 
1 year Ago
Up