၁၈၄ ဦးထပ်မံသေဆုံး

August 13, 2021

ထိုင်းတွင် တရက်တည်း ကိုဗစ်ပိုးတွေ့လူနာ ၂၃၀၀၀ ကျော်ဖြင့် စံချိန်တင်၊ ၁၈၄ ဦးထပ်မံသေဆုံး

ကိုဗစ်-၁၉ တတိယလှိုင်း ကူးစက်မှုတွေ မြင့်တက်နေတဲ့ ထိုင်းနိုင်ငံမှာ တရက် တည်း ပိုးတွေ့လူနာသစ် ၂၃,၀၀၀ ကျော်နဲ့ စံချိန်တင်ကူးစက်ခဲ့ပြီး ၁၈၄ ယောက် ထပ်မံပြီးတော့ သေဆုံးခဲ့တယ်လို့ ထိုင်းပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ပါ တယ်။

ပြီးခဲ့တဲ့ ရက်ကတော့ ၂၂,၀၀၀ ကျော် စံချိန်တင် ကူးစက်ခံခဲ့ရတာမို့ ဒီကနေ့မှာ တော့ ထပ်မံပြီးတော့ မြင့်တက်လာခဲ့တာလို့ ဆိုပါတယ်။ လတ်တလောကူးစက်မှုအသစ်တွေထဲမှာ ၃၈၈ ယောက်ကတော့ ထိုင်းနိုင်ငံတဝန်း အကျဉ်းထောင်တွေက ဖြစ်တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ရောဂါပြန်လည်ပျောက်ကင်းသက်သာလာတဲ့အတွက် ဆေးရုံက ဆင်းခွင့်ရသူအရေအတွက်ကတော့ ၂၀,၀၈၃ ယောက် ရှိနေပါတယ်။

ထိုင်းနိုင်ငံတဝန်း ပြီးခဲ့တဲ့ ဧပြီလဆန်းကစ တကျော့ပြန်ကိုဗစ်-၁၉ ကူးစက်မှုတွေ စတင်ခဲ့တာဖြစ်ပြီး လတ်တလောအချိန်ထိ ရောဂါကူးစက်ခံရသူ စုစုပေါင်း ၈၆၃,၁၈၉ ယောက်နဲ့ သေဆုံးသူပေါင်း ၆,၉၄၂ ယောက်ထိ ရှိလာခဲ့ပြီ ဖြစ်ပါတယ်။

အာဆီယံနိုင်ငံတွေထဲမှာတော့ ရောဂါသန်းချီကူးစက်မှု အမြင့်ဆုံး အင်ဒိုနီးရှား၊ ဖိ လစ်ပိုင်နဲ့ မလေးရှားနိုင်ငံတွေပြီးရင် ထိုင်းနိုင်ငံက ရပ်တည်နေတာဖြစ်ပြီး ကမ္ဘာ့နိုင်ငံတွေ ထဲမှာတော့ ကူးစက်မှုအမြင့်ဆုံးအဆင့် ၃၅ နေရာမှာ ရှိနေပါတယ်။

ကမ္ဘာတဝန်းမှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ စုစုပေါင်း ၂၀၆ သန်းကျော်၊ သေဆုံးသူပေါင်း ၄ ဒသမ ၃၄ သန်းကျော်ထိ ရှိလာခဲ့ပြီဖြစ်ပါတယ်။

4 months Ago
Up