၁၇ နှစ်ကြာ ဖောက်ခဲ့သည့် ကမ္ဘာ့အရှည်ဆုံး မီးရထားဥမင်လိုဏ်ခေါင်း ဖွင့်လှစ် (ရုပ်သံ)

A d v e r t i s e m e n t With Us

June 2, 2016

၁၇ နှစ်ကြာ ဖောက်ခဲ့သည့် ကမ္ဘာ့အရှည်ဆုံး မီးရထားဥမင်လိုဏ်ခေါင်း ဖွင့်လှစ် (ရုပ်သံ)

ကမ္ဘာ့အရှည်ဆုံး မီးရထားဥမင်လိုဏ်ခေါင်းကို ဆွစ်ဇာလန်နိုင်ငံမှာ ဇွန် ၁ ရက်နေ့က ဖွင့်လှစ်ခဲ့ပါတယ်။ အရှည် ၃၅ မိုင်ရှိတဲ့ ရထားလမ်း ၂ လမ်းပါ ဥမင်လိုဏ်ခေါင်းဟာ ဆွစ်ဇာလန်နိုင်ငံ၊ အယ်ပ်စ် (Alps) တောင်တန်းကိုဖြတ်ဖောက်ပြီး ဥရောပမြောက်ပိုင်းနဲ့ တောင်ပိုင်းကို အချိန်တိုအတွင်း ဆက်သွယ်ပေးတာပါ။ ဥရောပ ကုန်စည်သယ်ယူပို့ဆောင်ရေး တခေတ်ဆန်းသစ်ပြီလို့ ဆွစ်ဇာလန်နိုင်ငံက ပြောပါတယ်။ ဒီလိုဏ်ခေါင်း မဖွင့်လှစ်ခင်က ကုန်စည်စီးဆင်းရေးအတွက် တနှစ်ကို ကုန်တင်ကား သန်းနဲ့ချီ ဖြတ်သန်းနေရပြီး အခုတော့ ရထားတွေနဲ့ သယ်ယူကြတော့မှာပါ။ ဒီစီမံကိန်းဟာ သတ်မှတ်အချိန်အတွင်း ပြီးစီးပြီး သတ်မှတ်ထားတဲ့ ဘတ်ဂျက်အတွင်းမှာပဲ ကုန်ကျခဲ့တယ်လို့လည်း ဆိုပါတယ်။ လာမယ့် ဒီဇင်ဘာလမှာ အင်အားပြည့်လည်ပတ်မှာဖြစ်ပြီး တရက်ကို ကုန်တင်ရထား ၂၆၀ လောက်၊ လူစီးရထား ၆၅ စီးလောက် ဖြတ်သန်းကြမှာ ဖြစ်ပါတယ်။ ၁၉၈၀ ပြည့်နှစ်က ဆွစ်ဇာလန်မှာပဲ ဖွင့်လှစ်ခဲ့တဲ့ မီးရထားလိုဏ်ခေါင်းလို တောင်ကြောအနေအထားအလိုက် ကွေ့ဝိုက်ဖောက်လုပ်ထားတာမဟုတ်ပဲ အဖြောင့် ဖောက်လုပ်ထားတဲ့အတွက် ၃၅ မိုင်အစအဆုံး ၁၇ မိနစ်ပဲကြာမြင့်မယ်လို့ ဆိုပါတယ်။ အမေရိကန်ဒေါ်လာ ၁၂ ဘီလီယံကုန်ကျပြီး ၁၇ နှစ်ကြာ ဖောက်လုပ်ခဲ့ကြတာမှာ အလုပ်သမား ၉ ဦး မတော်တဆမှုနဲ့ သေဆုံးခဲ့ပါတယ်။
5 years Ago
Up