၁၇ ဘီလီယံ

A d v e r t i s e m e n t With Us

April 9, 2020

ကိုရိုနာကြောင့်ထိခိုက်ခဲ့သည့် လုပ်ငန်းများနှင့်ပြည်သူများကို ၁၇ ဘီလီယံကျော် ဟောင်ကောင်အစိုးရ ထောက်ပံ့မည်

ကိုရိုနာဗိုင်းရပ်စ်ကြောင့် ထိခိုက်ရတဲ့ စီးပွားရေးလုပ်ငန်းတွေနဲ့ ပြည်သူတွေ သက်သာစေဖို့ ဘဏ္ဍာရေး ထောက်ပံ့မှု အမေရိကန်ဒေါ်လာ ၁၇ ဒဿမ ၇ ဘီလီယံအထိ ပေးသွားမယ်လို့ ဟောင်ကောင်အစိုးရက ဧပြီ ၈ ရက်နေ့မှာ ကြေညာလိုက်ပါတယ်။ အစိုးရဟာ အလုပ်သမားတွေရဲ့ နောက်ခြောက်လအတွက်လစာ ၅၀ ရာခိုင်နှုန်းကို ပေးသွားမှာဖြစ်သလို၊ တဦးချင်းစီအတွက် ဟောင်ကောင်ဒေါ်လာ ၉၀၀၀ ခွဲတမ်းကိုလည်း လစဉ် ထောက်ပံ့ပေးသွားမယ်လို့ ဟောင်ကောင် အုပ်ချုပ်ရေးမှူး ကယ်ရီလမ်းက သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။ ဘဏ္ဍာရေးသက်သာ မှုအစီအမံတွေကြောင့် ဒီနှစ်ရဲ့ ဘတ်ဂျတ်လိုငွေဟာ ဟောင်ကောင် ဒေါ်လာ ၁၃၉ ဒဿမ ၁ ဘီလီယံကနေ ၂၇၆ ဒဿမ ၆ ဘီလီယံအထိ တိုးသွားမယ်လို့ ခန့်မှန်းထားပါတယ်။ ဒါဟာ ဟောင်ကောင်ဂျီဒီပီရဲ့ ၉ ဒဿမ ၅ ရာခိုင်နှုန်းနဲ့ ညီမျှတဲ့  ငွေပမာဏလည်း ဖြစ်ပါတယ်။  ဟောင်ကောင်အာဏာပိုင်တွေဟာ ကိုရိုနာဗိုင်းရပ်စ်ပြန့်ပွားမှု ထိန်းချုပ်ရေးအတွက်  ဧပြီ ၂၃ ရက်နေ့အထိ လူ ၄ ယောက်နဲ့အထက် စုဝေးတဲ့ နေရာတွေ၊ ဘားဆိုင်တွေ၊ စားသောက်ဆိုင်တွေ၊ အားကစားရုံတွေ ပိတ်ခိုင်းတာအပြင် လူတိုင်းခွဲနေကြဖို့ စည်းမျဉ်းတွေကို ထုတ်ပြန်ထားတာပါ။   ဟောင်ကောင်မှာ ဒီနေ့မနက်ပိုင်းအထိ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရတသူ ၉၆၁ ဦး၊ သေဆုံးသူ ၄ ဦးနဲ့ ရောဂါသက်သာပျောက်ကင်းလာသူ ၂၆၄ ဦးရှိတယ်လို့ worldometers.info ဝက်ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။
11 months Ago
Up