၁၇၀ ကျော် ဖမ်းမိ

A d v e r t i s e m e n t With Us

December 17, 2019

ကော့သောင်းအနီး ပင်လယ်ပြင်တွင် စက်လှေတစီးပေါ်က တရားမဝင် ဘင်္ဂါလီ ၁၇၀ ကျော် ဖမ်းမိ

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့အနီး  မြန်မာ့ပင်လယ်ပြင်မှာ တရားမဝင် ခိုးဝင်လာတဲ့ ဘင်္ဂါလီ ၁၇၀ ကျော် ဖမ်းဆီးရမိတယ်လို့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ပါတယ်။ မြန်မာ့ပင်လယ်ပြင်အတွင်း လုံခြုံရေး ဆောင်ရွက်နေတဲ့ တပ်ဖွဲ့ဝင်တွေက ဒီဇင်ဘာ ၁၅ ရက်မနက်က သံကျွန်းရဲ့ အနောက်ဘက် ရေမိုင် ၁၃၅ မိုင်ခန့်အကွာမှာ မသင်္ကာဖွယ် လှေတစင်း တွေ့ရှိလို့  သွားရောက်စစ်ဆေးရာ အလျား ၆၅ ပေ၊ အနံ ၁၁ ပေ၊ ရေစူး ၈ ပေခန့် ကျော်ခိုင်တိုး အမည်ရှိ လှေပေါ်မှာ တရားမဝင် လိုက်ပါလာသူတွေကို တွေ့ရှိခဲ့တာပါ။  စက်လှေပေါ်မှာ ပဲ့နင်း ဖြစ်သူ ဦးမျိုးဇော်အပါအဝင် အဖွဲ့ဝင် ခုနစ်ဦးနဲ့အတူ  တရားမဝင် ခိုးဝင်လာတဲ့ ဘင်္ဂါလီ အမျိုးသား ၈၂ ဦး၊ အမျိုးသမီး ၆၉ ဦး၊ ကလေး ၂၂ ဦး စုစုပေါင်း ၁၇၃ ဦးတို့နဲ့အတူ ဖမ်းဆီးရမိခဲ့ပြီး ကော့သောင်းမြို့နယ်ရှိ သက်ဆိုင်ရာကို အပ်နှံကာ လုပ်ထုံးလုပ်နဲ့အညီ ဆောင်ရွက်သွားမယ်လို့ တပ်မတော် သတင်းမှာ ဖော်ပြပါတယ်။ ဓာတ်ပုံ- CINCDS
1 year Ago
Up