၁၅ ဦး ပါဝင်

October 22, 2019

ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားဆု ဆန်ခါတင်စာရင်းတွင် ပရီးမီးယားလိဂ်က ၁၅ ဦး ပါဝင်

ပြင်သစ် ဘောလုံးမဂ္ဂဇင်းတစောင်ဖြစ်တဲ့ ဘလွန်းဒီအော ကမ္ဘာ့အကောင်းဆုံး ကစားသမားဆုအတွက် ဆန်ခါတင် အယောက် ၃၀ ဦးကို ထုတ်ပြန်ခဲ့ရာမှာ ပရီးမီးယားလိဂ်က ၁၅ ဦးအထိ ပါဝင်လာခဲ့တာ ဖြစ်ပါတယ်။  ဆန်ခါတင်စာရင်းမှာ စီရော်နယ်ဒို၊ ဗန်ဒိုက်၊ မက်ဆီ စတဲ့ ရေပန်းအစားဆုံး ကစားသမားတွေလည်း ပါဝင်ခဲ့ပါတယ်။ ဘလွန်းဒီအော ဆန်ခါတင် ၃၀ ဦးစာရင်းမှာ ချန်ပီယံလိဂ်မှာ ချန်ပီယံဖြစ်ခဲ့တဲ့ လီဗာပူးအသင်းက ကစားသမား ၆ ဦးအထိ ပါဝင်နေပြီး တိုက်စစ်ပိုင်းက မာနေး၊ ဆာလာ၊ ဖေမီနိုတို့နဲ့အတူ ဝိုင်နယ်ဒမ်း၊ အာနိုး၊ အလီဆွန်တို့ ပါဝင်လာခဲ့တာ ဖြစ်ပါတယ်။  ပရီးမီးယားလိဂ်က ကစားသမားတွေအဖြစ် မန်စီးတီးက အဂွဲရိုး၊ ဘာနာဒိုဆေးဗားလ်၊ ဒီဘရိုင်း၊ မာရက်ဇ်၊ စတာလင်နဲ့ အာဆင်နယ်တိုက်စစ်မှူး အူဘာမီယန်းတို့ ပါဝင်လာခဲ့တာ ဖြစ်ပါတယ်။ တခြား ကစားသမားတွေထဲမှာ အေဂျက်ဇ်မှာ ကစားခဲ့တဲ့ ဘာစီလိုနာက ဖရန့်ကီဒီဂျောင်နဲ့အတူ မက်ဆီ၊ ဂိုးသမား စတီဂျန်တို့ ကစားသမား ၃ ဦး ပါဝင်ခဲ့ပြီး အေဂျက်ဇ်က ၃ ဦး၊ ဂျူဗင်တပ်က စီရော်နယ်ဒိုနဲ့ ဒီလစ်၊ ဘိုင်ယန်မြူးနစ်တိုက်စစ်မှူး လီဝန်ဒေါ စကီး၊ ရီးရဲလ်တိုက်စစ်မှူး ဘင်ဇီမာနဲ့ ဟာဇတ်၊ ပီအက်စ်ဂျီက မာကွင်ဟို၊ တိုက်စစ်မှူး အမ်ဘာပေတို့လည်း ပါဝင်လာခဲ့တာ ဖြစ်ပါတယ်။ ဆုချီးမြှင့်ပွဲကိုတော့ လာမယ့် ဒီဇင်ဘာ ၂ ရက်မှာ ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့မှာ ချီးမြှင့်သွားမှာ ဖြစ်ပါတယ်။
2 years Ago
Up