၁၅ ထပ်အဆောက်အအုံမှ ဘောင်းဘီညပ် တွဲလောင်းကျနေသူကို ကယ်တင် (ရုပ်သံ)

December 30, 2015

၁၅ ထပ်အဆောက်အအုံမှ ဘောင်းဘီညပ် တွဲလောင်းကျနေသူကို ကယ်တင် (ရုပ်သံ)

ရုရှားနိုင်ငံ၊ နိုဗော့ဆီဗာ့စ်မြို့မှ ၁၅ ထပ်အမြင့်ရှိတဲ့ အဆောက်အအုံတခုရဲ့ ပြတင်း တံခါးမှာ ဘောင်းဘီညပ်ပြီး တွဲလောင်းကျနေခဲ့တဲ့ အမျိုးသားတဦးကို အိမ်နီးချင်းတွေက ကယ်တင်ခဲ့ကြပါတယ်။ အရေးပေါ်ကူညီကယ်ဆယ်ရေးအဖွဲ့ပြောရေးဆိုခွင့်ရှိသူတဦးက “၁၅ ထပ်မြင့်အ ဆောက်အအုံအခန်းအပြင်ဘက်မှာ လူ ၁ ယောက်ဟာ ဘောင်းဘီနဲ့ပြတင်းပေါက်ညပ်ပြီး မကယ်တင်နိုင်သေးချိန်မှာ အချိန်မိနစ် ၃၀ ကြာတွဲလောင်းကျနေခဲ့တာပါ”လို့ ပြော ပါတယ်။ အမည်မသိရတဲ့ အဲဒီအမျိုးသားဟာ ပြတင်းတံခါးနဲ့ညပ်နေချိန် ကိုယ်အလေးချိန် ကြောင့် တံခါးပြုတ်မကျခင်မှာ အိမ်နီးချင်းတဦးက အလျင်အမြန်လာရောက်ကူညီပေးခဲ့ ရတာဖြစ်တယ်လို့ ဗြိတိန်အခြေစိုက် အိပ်စ်ပရက်စ်သတင်းမှာ ဒီဇင်ဘာလ ၂၈ ရက်နေ့ က ဖော်ပြပါတယ်။ ခုလိုဘာကြောင့်ဖြစ်ရတယ်ဆိုတာ ရှင်းရှင်းလင်းလင်းမသိရသေးပဲ အဲဒီလူဟာ ပြတင်းတံခါးကို သန့်ရှင်းရေးလုပ်နေစဉ် မတော်တဆဖြစ်ခဲ့ပုံရတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။
7 years Ago
Up