၁၅၆ သန်းဖိုး ဖမ်းမိ

July 21, 2017

မောင်တောမြို့တွင် စိတ်ကြွဆေးပြား ကျပ်ငွေ ၁၅၆ သန်းဖိုး ဖမ်းမိ

မောင်တောမြို့အ၀င် ၃ မိုင် ပူးပေါင်းစစ်ဆေးရေးဂိတ်မှာ ကျပ်ငွေ ၁၅၆ သန်း တန်ဖိုးရှိ ပန်းရောင်စိတ်ကြွဆေးပြားတွေကို ဇူလိုင် ၂၀ ရက်နေ့ ညက ဖမ်းဆီးရမိခဲ့ပါတယ်။ ည ၈ နာရီခွဲလောက်မှာ ဘူးသီးတောင်က မောင်တောမြို့ကို မောင်းနှင်လာတဲ့ ဟိုင်းလပ်ကားတစ်စီးကို ရပ်တန့်စစ်ဆေးရာမှ ပီနံအိတ် အ၀ါရောင်ထဲမှာ အ၀တ်အစားတွေနဲ့ ရောထွေးထည့်ထားတဲ့ WY စာတန်းပါ စိတ်ကြွဆေးပြား ခုနစ်သောင်းရှစ်ထောင်၊ ဒေသတန်ဖိုး ကျပ်ငွေ ၁၅၆ သန်းဖိုးကို ဖမ်းဆီးရမိခဲ့တာပါ။ "ဖမ်းမိတာဟုတ်ပါတယ်ခင်ဗျ။ သုံးမိုင်စစ်ဆေးရေးဂိတ်မှာမိတာပါ။ သယ်လာသူက နှစ်ယောက်ပါ။ မိတာက နယ်ခြားစောင့်ရဲအပိုင် ဖြစ်တဲ့အတွက် နယ်ခြားစောင့်ရဲကပဲ ပြင်ဖြူရဲစခန်းမှာ အမှုဖွင့်ထားပါတယ်" လို့ မောင်တောမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကျော်မြ၀င်းက ပြောပါတယ်။ မူးယစ်ဆေးဝါး သယ်ဆောင်လာတဲ့ မောင်တောမြို့မ အရှေ့ရပ်ကွက် ၄ မှာနေတဲ့ နောရ်ဒေါ်လာလ်နဲ့ စိုးနိုင်တို့ နှစ်ဦးကို မောင်တောမြို့ မူးယစ်တပ်ဖွဲ့စု ၄၆ က ရဲအုပ်အောင်နိုင်စိုး တရားလိုလုပ်ပြီး ပြင်ဖြူရဲစခန်းမှာ အမှုဖွင့်စစ်ဆေးနေတယ်လို့ သိရပါတယ်။ သတင်း-ကိုအောင်၊ ဓာတ်ပုံ RMC
4 years Ago
Up