၁၅၆ နိုင်ငံ ပါဝင်

September 22, 2020

ကိုဗစ်-၁၉ ကာကွယ်ဆေး ဖြန့်ဝေရေး COVAX အစီအစဉ်တွင် နိုင်ငံပေါင်း ၁၅၆ နိုင်ငံ ပါဝင်

ကိုဗစ်-၁၉ ကာကွယ်ဆေး မျှမျှတတ ဖြန့်ဝေရေးရည်ရွယ်တဲ့ ကမ္ဘာလုံးဆိုင်ရာ COVAX အစီအစဉ်မှာ နိုင်ငံစုစုပေါင်း ၁၅၆ နိုင်ငံ ပါဝင်လာတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က စက်တင်ဘာ ၂၁ ရက်မှာ ပြောပါတယ်။ စာရင်းထဲမှာ ကြွယ်ဝပြီး ငွေကြေးထောက်ပံ့နိုင်တဲ့ ၆၇ နိုင်ငံ ပါဝင်ပြီး စာရင်းရှိ နိုင်ငံအရေအတွက်ဟာ ကမ္ဘာ့လူဦးရေရဲ့ သုံးပုံနှစ်ပုံရှိတယ်လို့ GAVI ကာကွယ်ဆေးအဖွဲ့ အကြီးအကဲက ပြောပါတယ်။ COVAX အဖွဲ့ရည်မှန်းချက်ကတော့ ၂၀၂၁ အကုန်မှာ တကမ္ဘာလုံးကို ကာကွယ်ဆေး အလုံးရေ ၂ ဘီလီယံ ဖြန့်ဝေသွားဖို့ ဖြစ်ပါတယ်။ ဒီလိုဖြန့်ချိရာမှာ ကနဦးပိုင်းမှာ ကျန်းမာရေးဝန်ထမ်းတွေကို ဦးစားပေးပြီးနောက်ပိုင်းမှာတော့ ဝင်ငွေကို မကြည့်ဘဲ အဖွဲ့ဝင်နိုင်ငံတိုင်းက  ထိခိုက်လွယ်ဆုံး လူဦးရေ ၂၀ ရာခိုင်နှုန်းကို ကာကွယ်ဆေး ဖြန့်ဝေသွားမယ်လို့ WHO ညွှန်ချုပ် ဒေါက်တာတက်ဒရိုက ပြောပါတယ်။ ဝင်ငွေနည်း နိုင်ငံအတော်များများက COVAX အစီအစဉ်ကနေ အကူအညီရဖို့ ကြိုးပမ်းနေချိန်မှာ ကြွယ်၀နိုင်ငံတချို့ကတော့ သူတို့ရည်ရွယ်ချက်တွေကို လျှို့ဝှက်ထားကြပါတယ်။ အမေရိကန် အပါအဝင် အဲဒီနိုင်ငံတချို့ဟာ နှစ်ဘက် သဘောတူညီချက်တွေကတဆင့်  အနာဂတ်မှာ ကိုယ်တိုင် ကာကွယ်ဆေးဖြန့်ဝေသွားမှာ ဖြစ်ပြီး သူတို့ဟာ (WHO) ရဲ့ COVAX အစီအစဉ်မှာ မပါဝင်ကြဘူးလို့ ရိုက်တာသတင်းမှာ ဖော်ပြတယ်။
8 months Ago
Up