၁၅၄ ဦးကို ဖမ်းဆီး

September 13, 2020

ပြင်သစ်တွင် အင်္ကျီဝါဝတ်လှုပ်ရှားမှု ပြန်စ၊ လူ ၁၅၄ ဦးကို ဖမ်းဆီး

ပြင်သစ်အာဏာပိုင်တွေဟာ မြို့တော်ပါရီမှာ စက်တင်ဘာ ၁၂ ရက်က အင်္ကျီအဝါ ရောင်ဝတ်ဆန္ဒပြ လှုပ်ရှားမှု ပြန်ပေါ်ထွက်တာကြောင့် ရဲတပ်ဖွဲ့ မျက်ရည်ယိုဓာတ်ငွေ့တွေသုံး လူစုခွဲခဲ့ကြပါတယ်။ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုအကြပ်အတည်းကို ထိန်းချုပ်အပြီး ချီတက်ခွင့်အတွက် ပါရီမြို့တော်က ရင်ပြင် ၂ ခုမှာ ဆန္ဒပြသူ ရာပေါင်းများစွာ စုရုံးဆန္ဒပြခဲ့ကြတာပါ။  ရဲတွေက မျက်ရည်ယိုဓာတ်ငွေ့သုံး ပစ်ခတ် လူစုခွဲခဲ့သလို့ ဆန္ဒပြသူတချို့က အမှိုက်ပုံးတွေနဲ့ ကားတစီးကို မီးရှို့ခဲ့ကြပါတယ်။ ရှောင်ဇေလီဇေရိပ်သာ လမ်းမကြီးအပါအဝင်မြို့လယ်ဇုန်မှာ ဆန္ဒပြခွင့်ကို အာဏာပိုင်တွေက တားမြစ် ပိတ်ပင်ထားပါတယ်။  စက်တင်ဘာ ၁၂ ရက်နေ့ ဒေသစံတော်ချိန် မွန်းလွဲ ၁ နာရီလောက်မှာ လူ ၁၅၄ ယောက်ကို ဖမ်းပြီးပြီလို့ ရဲက ပြောပါတယ်။  စက်တင်ဘာ ၁၀ ရက်ဟာ ပြင်သစ်မှာ တရက်တည်း ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက်ခံအယောက် ၁ သောင်းနီးပါးတွေ့ရှိလို့ အများဆုံး စံချိန်သစ်တင်ထားပါတယ်။  ပြင်သစ်ဝန်ကြီးချုပ်ကလည်း မြို့တချို့မှာ လုပ်ဆောင်ချက် တင်းကြပ်ဖို့နဲ့ စမ်းသပ် စစ်ဆေးမှုအရှိန်မြှင့်မယ့် အစီအစဉ်တွေကို စက်တင်ဘာ ၁၁ ရက်က ကြေညာခဲ့ပါတယ်။  နွေဦးရာသီအတွင်း တနိုင်ငံလုံး အသွားအလာ ကန့်သတ်ချက်ချရမယ့် အခြေအနေကို အစိုးရက ရှောင်ချင်တယ်လို့လည်း သူက ပြောခဲ့ပါတယ်။  
1 year Ago
Up