၁၄ နှစ်အရွယ် လူငယ်က

A d v e r t i s e m e n t With Us

December 2, 2016

၁၄ နှစ်အရွယ် လူငယ်က အမေနှင့်ညီကို သေနတ်ဖြင့်ပစ်သတ်

အမေရိကန်နိုင်ငံ ပင်ဆယ်လ်ဗေးနီးယားပြည်နယ် နယူးစတန်တွန်ဒေသမှာ အသက် ၁၄ နှစ်အရွယ် ယောက်ျားလေးတယောက်ဟာ သူ့အမေနဲ့ ညီကို အသေပစ်သတ်မှုနဲ့ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁ ရက်နေ့က တရားစွဲခံခဲ့ရတယ်လို့ အန်ဘီစီသတင်းဌာနက ဆိုပါတယ်။ ဂျကော့ဘ် ရေမာလေကို သူ့အိမ်ထဲက သူ့အိပ်ရာထဲမှာ အမေနဲ့ ညီကို ပစ်သတ်မှုအတွက် ပြစ်ဒဏ်စီရင်မှာပါ။ သေဆုံးသူ ၂ ဦးကို ခေါင်းမှာ သေနတ်ဒဏ်ရာ တချက်စီနဲ့ အိမ်ရာထဲမှာ သေဆုံးနေတာကို ရဲတွေက နိုဝင်ဘာ ၃၀ ရက်နေ့ မနက်မှာ တွေ့ခဲ့ပါတယ်။ ဂျကော့ဘ်က ရဲကို ဖုန်းခေါ်ခဲ့ပြီး သူ့အဖေက အမေနဲ့ ညီကို ပစ်ခဲ့တယ်လို့ အရင်ဆုံး ပြောခဲ့ပါတယ်။ နောက်ပိုင်းမှာ သူကိုယ်တိုင် ရေခဲသေတ္တာပေါ်က သေနတ်ကို ယူပစ်ခဲ့တယ်။ သူဟာ သူ့အဖေကိုပါ သတ်မယ်လို့လည်း လုံခြုံရေး တပ်တွေကို ပြောပါတယ်။ ရဲတွေက ဖြစ်ရတဲ့ အကြောင်းရင်းကို စုံစမ်းစစ်ဆေးနေပါတယ်။ သံသယရှိသူကို ရာဇဝတ်မှုဆိုင်ရာ လူသေမှု ၂ မှု၊ ပထမအဆင့် လူသတ်မှု ၂ မှုနဲ့ တရားစွဲထားပါတယ်။
4 years Ago
Up