၁၄ ဦးသေ

December 6, 2020

ဘရာဇီးနိုင်ငံတွင် ခရီးသည်တင်ယာဉ် ၁ စီး တံတားပေါ်မှပြုတ်ကျ၊ ၁၄ ဦးသေဆုံး

ဘရာဇီးနိုင်ငံ မီးနပ်စ် ဂျေရီးယပ်စ်ပြည်နယ်မှာ ဒီဇင်ဘာ ၄ ရက်က ကုန်းကျော်တံတားတစင်းပေါ်ကနေ ဘတ်စ်ကားတစီး ပြုတ်ကျခဲ့တာကြောင့် လူ ၁၄ ယောက်ထက် မနည်း သေဆုံးပြီး ၂၆ ယောက် ဒဏ်ရာရခဲ့ပါတယ်။ ခရီးသည် အယောက် လေးဆယ်ကို တင်လာတဲ့ ဘတ်စ်ကားဟာ ဂျောင်းမွန်လေဗာဒေ မြို့ကနေ ထွက်လာအပြီး ၄၉ ပေ မြင့်တဲ့ တံတားပေါ်ကနေ ပြုတ်ကျခဲ့တာလို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။ အရေးပေါ်ဌာနက တာဝန်ရှိသူတွေ ချက်ချင်း ရောက်လာပြီး သေဆုံးဒဏ်ရာရသူတွေကို ကယ်ထုတ်ခဲ့ပြီး ဒဏ်ရာရသူ အများအပြားကို ဆေးရုံတင် ကုသပေးခဲ့ပါတယ်လို့ ဆိုပါတယ်။ ဘတ်စ်ကားဟာ စက်ချို့ယွင်းပြီး ခုလို ပြုတ်ကျတာလို့ အခင်းဖြစ်ရာကို ရောက်လာတဲ့ မီးသတ်သမားတွေက ပြောပါတယ်။
5 months Ago
Up