၁၄ ဦးဆံ့ကားပေါ် တရားမ၀င်အလုပ်သမား ၄၁ ဦးတင်လာသည့် ကားအဖမ်းခံရ (ရုပ်သံ)

A d v e r t i s e m e n t With Us

September 19, 2016

၁၄ ဦးဆံ့ကားပေါ် တရားမ၀င်အလုပ်သမား ၄၁ ဦးတင်လာသည့် ကားအဖမ်းခံရ (ရုပ်သံ)

ခရီးသည် ၁၄ ဦးသာ ဆံ့တဲ့ မှန်လုံကားတစ်စီးပေါ်မှာ တရားမ၀င်အလုပ်သမားပေါင်း ၄၁ ဦး တင်ဆောင်လာတဲ့ မှန်လုံကားတစ်စီးကို တာဝန်ရှိရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပါတယ်။ နယ်မြေထဲမှာ တရားမ၀င်သူတွေ သည်ဆောင်လာမယ်လို့ ကြိုတင်သတင်းရထားချက်အရ  ဘန်ကောက် အမြန်လမ်းမကြီးပေါ်မှာ တာဝန်ကျရဲတွေက စောင့်ဆိုင်းဖမ်းဆီးခဲ့တာပါ။ ကားပေါ်က လူတွေဆင်းခိုင်းတဲ့အခါမှာ ရဲတွေအံ့အားသင့်ကုန်ပါတယ်၊ အဲဒါကတော့ ပုံမှန် ၁၄ ဦးပဲ ဆံ့တဲ့ကားပေါ်မှာ ၄၁ ဦး( ၃ ဆကျော် ) တင်ဆောင်လာတာမို့ပါ။ ၄၁ ဦးလုံး လူငယ် နဲ့ လူလတ်ပိုင်း အမျိုးသားတွေဖြစ်ပြီး ကမ္ဘောဒီးယားနိုင်ငံသားတွေလို့ ဆိုပါတယ်။ ဒီဗွီဒီယိုကလစ်ကို ထိုင်းဖေ့စ်ဘုတ်အကောင့်က စက်တင်ဘာ ၁၈ ရက်နေ့မှာ တင်ခဲ့ပြီးတဲ့နောက် လူမှုကွန်မှာ ပျံ့နှံ့သွားပါတယ်။ ဘယ်နေ့က ဖမ်းဆီးရမိသလဲဆိုတာတော့ ဖော်ပြထားခြင်းမရှိပါဘူး။
4 years Ago
Up