နိုင်ငံခြားကနေ ပြန်လာတဲ့ အစ္စရေး နိုင်ငံသား အားလုံးဟာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု ထိန်းချုပ်ဖို့ ကြိုတင်သတိထားတဲ့အနေနဲ့ တခြားလူတွေနဲ့ ရောနှောမနေဘဲ ၁၄ ရက် သီးခြားနေဖို့ လိုလိမ့်မယ်လို့ အစ္စရေး ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုက ပြောပါတယ်။
ဒီစီမံချက်ကို နှစ်ပတ်အတွင်း စတင်မှာဖြစ်ပြီး စီမံချက်ရဲ့ လက်ထောက် တာဝန်ရှိ သူတွေကလည်း ဒီအမိန့်ကို ချက်ချင်း အသက်သွင်းမယ်လို့ ပြောပါတယ်။
“ဒါဟာ ခက်ခဲတဲ့ ဆုံးဖြတ်ချက်ပါ။ လူထု ကျန်းမာရေး ဘေးကင်းဖို့ မဖြစ်မနေ အရေးပါတယ်။ လူထုကျန်းမာရေးက ပထမဆုံးပဲလို့ ပြောပါတယ်”လို့ အစ္စရေး ဝန်ကြီးချုပ်က ပြောပါတယ်။
ဒီစီမံချက်ကြောင့် လူဦးရေ ၉သန်းနေတဲ့ နိုင်ငံအတွင်း လူ ၃ သိန်းလောက် ရောဂါခြေချုပ်နဲ့ နေရလိမ့်မယ်လို့ အစ္စရေး မီဒီယာတွေက ပြောပါတယ်။
အစ္စရေးဟာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု ဟန့်တားရေး အဆုံးစွန် ကြိုတင်ကာကွယ်မှု အများဆုံး လုပ်ပြီးပါပြီ။
အာရှနဲ့ ဥရောပတို့ကနိုင်ငံ အများအပြားကနေ လာရောက် လည်ပတ်သူတွေကို ရောဂါခြေချုပ်နဲ့ သီးခြားခွဲခြားထားရှိပြီး ခရီးသွားမှုနဲ့ ကုန်သွယ်ရေး တင်းကြပ် ထားတာကြောင့် ခရီးသွားလုပ်ငန်း အထိနာမယ်လို့ မျှော်လင့်ထားပါတယ်။
12 months Ago