၁၃ ဦး သေ

June 14, 2021

ဆီးရီးယားတွင် လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ၁၃ ဦး သေဆုံး

ဆီးရီးယားနိုင်ငံမြောက်ပိုင်း အက်ဖ်ရင်မြို့ကို ဇွန် ၁၂ ရက်က လက်နက်ကြီးနဲ့ သီးခြား တိုက်ခိုက်မှု ဖြစ်စဉ် ၂ ခုအတွင်း လူ ၁၃ ယောက်ထက် မနည်းသေဆုံးပြီး လူအတော်များများ ဒဏ်ရာ ရတယ်လို့ ဒေသခံဆေးဘက် သတင်းရင်းမြစ်တွေနဲ့ တူရကီအစိုးရတို့က ပြောပါတယ်။ 

ပထမတိုက်ခိုက်မှုက လူနေ ရပ်ကွက်ကို ထိမှန်ပြီး ဒုတိယ တိုက်ခိုက်မှုကတော့ ဆေးရုံကို ထိမှန်ခဲ့တယ်လို့ အရပ်ဖက်ကာကွယ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

အယ်လ်ရှီဖှာဆေးရုံရဲ့ အပျက်အစီးတွေကြားက သေဆုံး ဒဏ်ရာရသူတွေကို ပြထားတဲ့ ရုပ်သံတစ်ခုလည်း လူမှုကွန်ရက် မီဒီယာပေါ်မှာ ပျံ့နေပါတယ်။

ဦးထုပ်ဖြူ ကယ်ဆယ်ရေးသမားတွေလို့ သိကြတဲ့ ဆီးရီးယား အရပ်ဖက်ကာကွယ်ရေး အဖွဲ့ဝင် ၃ ယောက်လည်း ဆေးရုံတိုက်ခိုက်မှုအတွင်း ဒဏ်ရာရခဲ့တယ်လို့ သူတို့က ရိုက်တာ သတင်းဌာနကို ပြောပါတယ်။

 ဆီးရီးယား ကာဒစ်ရှ် YPG ပြည်သူ့စစ်တွေက ဒုံးကျည်နဲ့ ပစ်ခတ်တာလို့ တူရကီအစိုးရက ပြစ်တင်ရှုတ်ချလိုက်ပြီး ကာဒစ်ရှ် YPG တွေက ဦးဆောင်ပြီး အမေရိကန်က ကျောထောက် နောက်ခံ ပေးထားတဲ့ ဆီးရီးယား ဒီမိုကရက်တစ်တပ် (SDF) ကတော့ သူတို့လုပ်တာ မဟုတ်ဘူးလို့ ပြောပါတယ်။

ဆီးရီးယားနိုင်ငံအတွင်း စစ်အင်အား အကြီးအကျယ် ချထားတဲ့ တူရကီ ကာကွယ်ရေး ဝန်ကြီးဌာနကလည်း တိုက်ခိုက်မှုကြောင့် လူ ၁၃ယောက် သေပြီး ၂၇ ယောက် ဒဏ်ရာရတယ်လို့ ပြောပါတယ်။

ဒုံးကျည်တွေက ဆီးရီးယား အစိုးရ ထိန်းချုပ်ထားတဲ့ တယ်လ်ရီဖတ် ဒေသကနေ လှမ်းပြီး ပစ်ခတ်တာဖြစ်လို့ စုံစမ်းစစ်ဆေးနေတယ်လို့ တူရကီနိုင်ငံ ဟာတေခရိုင် အုပ်ချုပ်ရေးမှူးရုံးက ပြောပါတယ်။

6 months Ago

August 23, 2020

ဗစ်တိုးရီးယား၌ ကိုဗစ်ကြောင့် ၂၄ နာရီအတွင်း ၁၃ ဦး သေဆုံး

သြစတြေးလျရဲ့ ဒုတိယလူဦးရေ  အများဆုံး ဗစ်တိုးရီးယားပြည်နယ်မှာ  သြဂုတ် ၂၂ ရက် မနက်အထိ  ၂၄ နာရီအတွင်း ကိုရိုနာဗိုင်းရပ်စ်ကြောင့်   ၁၃ ယောက် ထပ်မံသေဆုံးခဲ့တယ်လို့ သိရပါတယ်။  ဒါပေမဲ့ ကူးစက်နှုန်းကတော့ နှစ်ရက်ဆက်တိုက် ၂၀၀ အောက်မှာ ဆက်ရှိနေတယ်လို့  အာဏာပိုင်တွေက ဆိုပါတယ်။   ဗစ်တိုးရီးယားကလွဲရင် သြစတြေးလျဟာ  နိုင်ငံအတော်များများထက်  သေဆုံး အရေအတွက်မြင့်မားတာကို  ရှောင်လွဲနိုင်ပါတယ်။     သြစတြေးလျ တနိုင်ငံလုံးမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူ  ၂၄,၅၀၀ ခန့်ရှိပြီး သေဆုံးသူ ၄၈၅ ယောက် ရှိပါတယ်။  သီတင်း ၆ ပတ် လော့ဒေါင်းကာလအတွင်း တင်းကျပ်တဲ့ စည်းကမ်းတွေကနေ ထိရောက်မှု ရှိမယ် မျှော်လင့်တယ်လို့ ဗစ်တိုးရီးယားပြည်နယ် ဝန်ကြီးချုပ်က ပြောခဲ့ပါတယ်။    အရှေ့မြောက်ဘက် ကွင်းစလန်ပြည်နယ် မြို့တော် ဘရစ္စဘိန်းနဲ့ အနီးဝန်းကျင် ဒေသတွေမှာလည်း လူ ၁၀ ယောက်ထက် ပိုမစုဖို့  စည်းကမ်းတွေ ထုတ်ပြန်ခဲ့ပါတယ်။   ကွင်းစလန်ပြည်နယ်က လူငယ်ထိန်းသိန်းရေး စင်တာတခုမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု  တွေ့ရှိပြီးနောက် အဲဒီလို စည်းကမ်းထုတ်ပြန်ခဲ့တာပါ။  ကွင်းစလန်ပြည်နယ်မှာ ထပ်မံကူးစက်သူ  ၉ ယောက်ရှိပြီး သေဆုံးသူ မရှိဘူးလို့ ရိုက်တာသတင်းအရ သိရပါတယ်။ 
1 year Ago
Up