၁၃၆

November 13, 2020

ကိုဗစ်-၁၉ လူနာသစ် ၁,၁၃၆  ဦးတွေ့ရှိ၊ သေဆုံးသူ ၂၆  ဦးထပ်တိုး

ကိုဗစ်-၁၉ ရောဂါကူးစက်ခံရတဲ့ အတည်ပြုလူနာသစ် ၁,၁၃၆  ယောက်ထပ်မံတွေ့ရှိခဲ့ပြီး လူနာ ၂၆ ယောက်ထပ်မံသေဆုံးခဲ့တယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ဒီနေ့ည ၈ နာရီ ထုတ်ပြန်ချက်အရ သိရပါတယ်။ သေဆုံးသူ ၂၆ ယောက်ထဲမှာ ၁၆  ယောက်က ရောဂါအခံရှိသူတွေဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။  ဒါဟာ နိုဝင်ဘာ ၁၂ ရက် ည ၈ နာရီမှ နိုဝင်ဘာ ၁၃ ရက် ည ၈ နာရီအထိ ဓာတ်ခွဲနမူနာ စုစုပေါင်း ၁၅,၂၈၁  ခုကို စစ်ဆေးပြီးစီးခဲ့ရာ ကိုဗစ်-၁၉ လူနာသစ် ၁,၁၃၆  ယောက် ထပ်မံတွေ့ရှိခဲ့တာပါ။ လူနာသစ်တွေနဲ့ ပတ်သက်တဲ့ အသေးစိတ်အချက်အလက်တွေကိုတော့ ထုတ်ပြန် ကြေညာတာ မရှိသေးပါဘူး။  တိုင်းနဲ့ပြည်နယ်အသီးသီးမှာဒီနေ့ ဆေးရုံမှ ဆင်းခွင့်ရသူ ၇၇၃  ယောက်ရှိပြီး ပြည်သူ့ဆေးရုံတွေက  ၁၅၄ ယောက်နဲ့ ရန်ကုန် ကိုဗစ်-၁၉ ကုသရေးဌာနတွေက ၆၁၉ ယောက် ပါဝင်တယ်လို့ ဆိုပါတယ်။ ရန်ကုန်တိုင်းအတွင်း အသွားအလာကန့်သတ်ထားရှိရာနေရာတွေက အတည်ပြု လူနာတွေနဲ့ အနီးကပ်ထိတွေ့ခဲ့သူတွေအနက် ရောဂါပိုးမတွေ့သူ ၁,၇၆၉  ယောက်ကို နေအိမ်တွေမှာ အသွားအလာ ကန့်သတ်ပြီး စောင့်ကြပ်ကြည့်ရှုသွားမယ်လို့ ဆိုပါတယ်။ မြန်မာနိုင်ငံမှာ နိုဝင်ဘာ ၁၃ ရက် ည ၈ နာရီအထိ ကိုဗစ်-၁၉ အတည်ပြုလူနာစုစုပေါင်း ၆,၆၇၃၄ ယောက်၊ သေဆုံးသူ ၁,၅၃၄ ယောက်နဲ့ ဆေးရုံက ဆင်းခွင့်ရသူပေါင်း ၅၀,၃၃၆ ယောက်ရှိပြီလို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။ ကမ္ဘာတဝန်းမှာတော့ ဒီနေ့ည ၈ အထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၅၂ ဒသမ ၅ သန်းကျော်၊ သေဆုံးသူ ၁ ဒသမ ၃ သန်းလောက်နဲ့ ရောဂါသက်သာပျောက်ကင်းသူ ၃၆ ဒသမ ၇ သန်းကျော် ရှိနေပြီ ဖြစ်ပါတယ်။  
2 years Ago
Up