မြန်မာသတင်း
နိုင်ငံရေး
စီးပွားရေး
ကျန်းမာရေး
လူမှုရေး
ပညာရေး/နည်းပညာ
ငြိမ်းချမ်းရေး/စစ်ရေး
သဘာဝပတ်ဝန်းကျင်/ရာသီဥတု/မိုးလေဝသ
အလုပ်သမား/ရွှေ့ပြောင်းလုပ်သား
စိုက်ပျိုးရေး/တောင်သူလယ်သမား
မှုခင်း/မူးယစ်ဆေး
လွှတ်တော်/ဥပဒေရေးရာ
အမျိုးသမီး/လူငယ်
သတင်းမီဒီယာ
တိုင်းရင်းသား
အနုပညာ
နိုင်ငံတကာ
အားကစား
ONE CHAMPIONSHIP
ဆောင်းပါး
မေးမြန်းခန်း
သုံးသပ်ချက်
အယ်ဒီတာအာဘော်
ရင်ဖွင့်စာ/ပေးစာ
ရွေးကောက်ပွဲ
၂၀၂၀ ရွေးကောက်ပွဲ
စဉ်းစဉ်းစားစား မဲတပြား
Any Questions?
Election Bus
Party Profiles
Your Vote
My Vote
2020 Election Website
Eng
x
Search
မြန်မာသတင်း
နိုင်ငံရေး
စီးပွားရေး
ကျန်းမာရေး
လူမှုရေး
ပညာရေး/နည်းပညာ
ငြိမ်းချမ်းရေး/စစ်ရေး
သဘာဝပတ်ဝန်းကျင်/ရာသီဥတု/မိုးလေဝသ
အလုပ်သမား/ရွှေ့ပြောင်းလုပ်သား
စိုက်ပျိုးရေး/တောင်သူလယ်သမား
မှုခင်း/မူးယစ်ဆေး
လွှတ်တော်/ဥပဒေရေးရာ
အမျိုးသမီး/လူငယ်
သတင်းမီဒီယာ
တိုင်းရင်းသား
အနုပညာ
နိုင်ငံတကာ
အားကစား
ONE CHAMPIONSHIP
ဆောင်းပါး
မေးမြန်းခန်း
သုံးသပ်ချက်
အယ်ဒီတာအာဘော်
ရင်ဖွင့်စာ/ပေးစာ
ရွေးကောက်ပွဲ
၂၀၂၀ ရွေးကောက်ပွဲ
စဉ်းစဉ်းစားစား မဲတပြား
Any Questions?
Election Bus
Party Profiles
Your Vote
My Vote
2020 Election Website
Eng
x
Search
၁၃၀ ဘီလီယံ
Home
၁၃၀ ဘီလီယံ
A
d
v
e
r
t
i
s
e
m
e
n
t
With Us
March 9, 2020
968
၁၀ ရက်အတွင်း မူးယစ်ဆေးဝါး ကျပ်ငွေ ၁၃၀ ဘီလီယံဖိုး တပ်မတော်ဖမ်းမိ
ရှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်၊ လွယ်ခမ်ကျေးရွာမှာ မေလ ၈ ရက်က ငွေကျပ် ၂၄ ဘီလီယံတန်ဖိုးရှိ မူးယစ်ဆေးဝါးနဲ့ လက်နက်ခဲယမ်းတွေ ထပ်မံသိမ်းဆည်းရမိတယ်လို့ တပ်မတော်က သတင်းထုတ်ပြန်ပါတယ်။
ကွတ်ခိုင်မြို့နယ်မှာဖေဖော်ဝါရီ ၂၈ ရက်မှ မတ် ၈ ရက်အထိ စိတ်ကြွရူးသွပ်ဆေးပြားမျိုးစုံ ၅၃၆၄၁၀၀၀ ပြား၊ ဘိန်းဖြူ ၁၈၉၉၈၀ ဂရမ်၊ ဘိန်းညို ၂၇၁၀၀၀ ဂရမ်၊ ဘိန်းဖြူခဲ ၁ ဒသမ ၆ ကီလိုဂရမ်၊ ဘိန်းဆီခဲ ၁၆ ကီလို၊ ဆေးပြားအကြေမှုန့် ၂၆၅၀ ဂရမ်၊ ဘိန်းစိမ်း ၁၀ ကီလိုဂရမ်နဲ့ အိုက်စ်၃၆၅ ဒသမ ၅ ကီလိုဂရမ် စုစုပေါင်းခန့်မှန်းတန်ဖိုး ကျပ် ၁၂၈ ဘီလီယံကျော်နဲ့ မူးယစ်ဆေးဝါးချက်လုပ်ရာမှာ အသုံးပြုတဲ့ ဆက်စပ်ပစ္စည်း ၁၀၉ မျိုး ကာလတန်ဖိုး ငွေကျပ် ၁ ဘီလီယံကျော်ဖိုး စုစုပေါင်းငွေကျပ် ၁၃၀ ဘီလီယံလောက်ရှိသွားပြီလို့ သိရပါတယ်။
မတ်လ ၈ ရက်နေ့ကတော့ ကွတ်ခိုင်မြို့နယ်၊ ရှောက်ဟော်ကျေးရွာနေ ဦးယောဆီ ပိုင်ဆိုင်တဲ့ လွယ်ခမ်ကျေးရွာရှိ အဆောက်အအုံတခုထဲကနေ မူးယစ်ဆေးဝါး တန်ဖိုးငွေကျပ် ၄ ဘီလီယံကျော်ဖိုး၊ သိန်းနီမြို့နယ် နမ့်ခိုက်ကျေးရွာနေ ဦးရန်အင်ချန်းရဲ့ အဆောက်အအုံထဲက မူးယစ်ဆေး ငွေကျပ် ၇ ဘီလီယံ ကျော်ဖိုးနဲ့ လွယ်ခမ်ကျေးရွာနေ ဦးချာကွေးအန် ပိုင်ဆိုင်တဲ့ အဆောက်အအုံထဲက မူးယစ်ဆေးဝါး တန်ဖိုးငွေကျပ် ၂ ဘီလီယံကျော်ဖိုး ထပ်မံ ဖမ်းမိပါတယ်။
ဒါ့အပြင် သိန်းနီမြို့နယ်၊ နမ့်ခိုက်ကျေးရွာနေ ဦးဂျမ်းရွယ်ခင်းပိုင် တထပ်တိုက်ထဲက ပစ္စတို သေနတ် ၂ လက်၊ ရိုင်ဖယ် ၂ လက်၊ ကျည်မျိုးစုံ ၂၃၁၉ တောင့်၊ လက်ပစ်ဗုံး ၂ လုံး၊ ကျည်အိမ် ၁၄ ခု၊ WY စာတန်းပါ လိမ္မော်ရောင်စိတ်ကြွရူးသွပ်ဆေးပြား ၅၃၀၀၀၀၀ ပြား၊ 88/1 စာတန်းပါ ပန်းရောင်စိတ်ရူးသွပ်ဆေးပြား ၄၆၂၀၀၀ ပြား၊ ဘိန်းဖြူမှုန့် ဆပ်ပြာခွက် ၁ ခွက်လျှင် ၁၀ ဂရမ်ပါ ဆပ်ပြာ ခွက် ၁၀၄၅ ခွက်(၁၀၄၅၀)ဂရမ်နဲ့ ဘိန်းညိုမှုန့် ၁၂၀၀ ဂရမ်ခန့် (စုစုပေါင်းမူးယစ်ဆေးဝါး ခန့်မှန်းတန်ဖိုးငွေကျပ် ၁၁ ဘီလီယံကျော်)နဲ့ ၆ ဘီးယာဉ် ၁ စီးတို့ကို ထပ်မံတွေ့ရှိ သိမ်းဆည်းနိုင်ခဲ့တယ်လို့ သိရပါတယ်။
ဒါဟာ မြန်မာနိုင်ငံမှာ အခုနှစ်ပိုင်းအတွင်း မူးယစ်ဆေးဝါးပမာဏ အများဆုံး ဖမ်းဆီးရမိမှုဖြစ်ပြီး အဆိုပါမူးယစ်ဆေးဝါးတွေနဲ့ပတ်သက်တဲ့ အဓိကတရားခံတွေကတော့ ထွက်ပြေးလွတ်မြောက်နေကာ တဦး တယောက်ကိုမှ ဖမ်းဆီးရမိခြင်းမရှိသေးပါဘူး။
ကွတ်ခိုင်မြို့နယ်ထဲမှာ တပ်မတော်က ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါးတွေကို သွားကြည့်ရှုခဲ့တဲ့ နိုင်ငံခြားစစ်သံမှူးတွေ လိုက်ပါလာတဲ့ စစ်ရဟတ်ယာဉ်တစီး မတ် ၆ ရက် ညနေက မတော်တဆဖြစ်ပွားခဲ့လို့ လေယာဉ်မှူး ၂ ဦးဒဏ်ရာရရှိခဲ့ပါတယ်။
ဓာတ်ပုံ- CINCDS
12 months Ago
© Copyright 2020 DVB Designed and Developed by
Digit X Myanmar
.
Up