၁၃၀၀ ပြည့်အာဇာနည်​​​ ၁၇ ဦး၏ နှစ်​ ၈၀ ​ပြည့် အထိမ်းအမှတ်​ မန္တ​လေးတွင် ကျင်းပ

February 26, 2019

၁၃၀၀ ပြည့်အာဇာနည်​​​ ၁၇ ဦး၏ နှစ်​ ၈၀ ​ပြည့် အထိမ်းအမှတ်​ မန္တ​လေးတွင် ကျင်းပ

မန္တ​လေးတိုင်း​၊ အမရပူရမြို့ တမ္ပဝတီ သူကြွယ်​ကုန်းရပ်​ကွက်​ရှိ အာဇာနည်​​ ဂူဗိမ္မာန်​မှာ ၁၃၀၀ ပြည့် အာဇာနည်​​ခေါင်း​ဆောင်​ ၁၇ ဦးရဲ့ ၈၀ နှစ်​​မြောက်​ အထိမ်းအမှတ်​ပွဲကို ဒီကနေ့ မနက်က ကျင်းပပါတယ်​။ အထက်​ဗမာပြည်​​ တောင်​သူလယ်​သမားသမဂ္ဂအတွင်း​ရေးမှူး ကို​အေးသိန်း​က “တိုင်းပြည် လွတ်​လပ်​​ရေးအတွက်​ ​တောင်​သူလယ်​သမားထု၊ အလုပ်​သမားထု၊ ရဟန်းရှင်​လူ ​ကျောင်းသား ပြည်​သူ​တွေဟာ လက်​ချင်းချိတ်​ပြီး ကိုလိုနီနယ်​ချဲ့အစိုးရကို တနိုင်​ငံလုံးအတွက်​ ကိုယ်​စားပြုပြီး မန္တ​လေးအာဇာနည်​ ၁၇ ဦးက စတင်​ပြီး​ တော်​လှန်​ခဲ့တဲ့​ ​သွေး​မြေကျခဲ့တဲ့​နေ့ဟာလည်း ဒီ​နေ့ပါပဲ။ နှစ်​​ပေါင်း ၈၀ ကြာခဲ့ပေမယ့် ကျ​နော်​တို့ အထက်​ဗမာပြည်​​တောင်​သူ လယ်​သမားထုအ​နေနဲ့ အာဇာနည်​ ၁၇ ဦးကို ချီတက်​အ​လေးပြုရတာပါ” လို့ ​ ပြောပါတယ်​။ လွန်​ခဲ့​တဲ့ နှစ်​​ပေါင်း ၈၀ က တိုင်းပြည်​နဲ့လူမျိုး ဘာသာသာသနာအတွက်​ အသက်​​ပေး ခဲ့ကြတဲ့ အာဇာနည်​ ၁၇ ဦးကို သတိရ​အောက်မေ့ပြီး ဂုဏ်​ပြုလွမ်းသူပန်း​ခွေချက ဦးညွတ်​ဂုဏ်​ပြု ခဲ့ကြပါတယ်။ ၁၉၃၉ ခုနှစ်​ ​ဖေ​ဖော်ဝါရီလ ၁၀ ရက်​​ဟာ မန္တ​လေးမြို့်​ လမ်း ၈၀ ၂၆လမ်း​ထောင့်မှာ ဗြိတိသျှကိုလိုနီအစိုးရရဲ့ ပစ်​ခတ်သတ်ဖြတ်ခံခဲ့ရတဲ့ အာဇာနည်​ ၁၇ ရဲ့ နှစ်​ ၈၀​ မြောက်​​နေ့ အထိမ်း အမှတ်​ကျင်းပခဲ့တာလည်း ဖြစ်​ပါတယ်​။ မန္တ​လေးတိုင်း အမျိုးသမီး​ကော်​မတီ၊ ​ရှေ့​နေများကွန်​ရက်၊​ အန်ဂျီအိုတွေ၊ လူမှု အဖွဲ့အစည်းတွေ၊ ​ နိုင်​ငံ​ရေးတက်​ကြွလှုပ်​ရှားသူတွေ၊ အမျိုးသားဒီမိုက​ရေစီ အဖွဲ့ချုပ် ပါတီဝင်​တွေ၊ ပြည်​သူ့ပါတီနဲ့​ တောင်​သူလယ်​သမားသမဂ္ဂတွေနဲ့  နိုင်ငံ​​ရေးအကျဉ်းသား​ဟောင်းတွေက တက်ရောက်ပြီး ​သံဃာ ၁၇ ပါးကို ဆွမ်းကပ်​ပြီး ​ရေစက်​ချအမျှဝေခဲ့ကြပါတယ်။
2 years Ago
Up