၁၂ နှစ်အရွယ် ထိုင်းကျောင်းသားကြောင့် ကမ္ဘောဒီးယားကျောင်းသူ ၂ ဦး သေဆုံး

A d v e r t i s e m e n t With Us

March 25, 2016

၁၂ နှစ်အရွယ် ထိုင်းကျောင်းသားကြောင့် ကမ္ဘောဒီးယားကျောင်းသူ ၂ ဦး သေဆုံး

ထိုင်းနိုင်ငံမြို့တော်၊ ဘန်ကောက်မြို့၊ ဆူရန်လန်ခရိုင်ထဲမှာ မတ်လ ၂၄ ရက်နေ့ ညနေပိုင်းက တူးမြောင်းတခုထဲကို ကျောင်းသားချင်းအနိုင်ကျင့်ပြီး ကန်ချလို့ ကျောင်းသူ ၂ ဦး သေဆုံးသွားခဲ့ပါတယ်။ အသက် ၁၁ နှစ်အရွယ် ပီယာပတ်နဲ့ အသက် ၁၂ နှစ်အရွယ် ဆူပါ့ဝတီတို့ဟာ ကမ္ဘောဒီးယားကျောင်းသူတွေဖြစ်ကြပြီး မြောင်းတွင်းကန်ချခဲ့တာကတော့ အသက် ၁၂ နှစ်အရွယ် ထိုင်းကျောင်းသားတဦးဖြစ်တယ်လို့ ဘန်ကောက်ပို့စ်သတင်းမှာ ဖော်ပြပါတယ်။ သူတို့အားလုံးဟာ စာသင်ကျောင်းတကျောင်းထဲမှာ ပညာသင်ကြားနေကြတဲ့ ပဉ္စမတန်း ကျောင်းသားတွေဖြစ်ပြီး အခင်းဖြစ်တဲ့နေ့ကတော့ အဲဒီမိန်းကလေး ၂ ဦးဟာ တူးမြောင်းအနီးမှာ တခြားကလေးတွေနဲ့အတူ ဆော့ကစားနေကြတယ်လို့ ဆိုပါတယ်။ အဲဒီအချိန်မှာ တတန်းတည်းဖြစ်တဲ့ ထိုင်းကျောင်းသားက စက်ဘီးနဲ့ ရောက်လာ ပြီး ပီယာပက်ကို မြောင်းထဲကို ဦးစွာကန်ချခဲ့တာပါ။ ဆူပါ့ဝတီက ပီယာပက်ကို ကယ်တင်ဖို့ ကြိုးစားချိန်မှာ အဲဒီကျောင်းသားက သူ့ ကိုပါမြောင်းထဲကန်ချလိုက်ပြီး ၂ ဦးလုံး ရေနစ်သေဆုံးခဲ့ကြတာပါ။ မိန်းကလေး ၂ ဦးဟာ ရေထဲမှာ မနစ်မြုပ်ခင် ကမ်းစပ်ကို ဆွဲတက်ဖို့ ကြိုးစားခဲ့ပေမယ့် ကျူးလွန်တဲ့ ကျောင်းသားက သူတို့လက်တွေကို တွန်းထုတ်ခဲ့တာကို အတူကစားနေတဲ့ ပီယာပက်ရဲ့ မောင်အငယ်ဆုံးက မြင်ပြီး ငိုယိုအော်ဟစ်ချိန်မှာ အနီးနားက လူတွေက ဖမ်းယူကယ်တင်ဖို့ ကြိုးစားခဲ့ပေမယ့် နောက်ကျသွားခဲ့တာပါ။ ဇနီးနဲ့ ကွဲနေတဲ့ ပီယာပက်ရဲ့ဖခင်ဟာ ကလေးသုံးယောက်ဖခင်ဖြစ်ပြီး လုံခြုံရေး ၀န်ထမ်းတဦးဖြစ်ပါတယ်။ “ကျနော့်သမီးက ရေမကူးတတ်ပါဘူး။ ဘာကြောင့် ခုလိုသူငယ်ချင်းတွေကို ကန် ချရတာလဲလို့ ကောင်လေးကိုမေးတော့ သူက ဒါဟာ စနောက်တာမို့ နောက်ဆက်တွဲ ဘာတွေဖြစ်လာမယ်ဆိုတာမသိလို့ပါလို့ ပြောတယ်”လို့ မျက်ရည်အ၀ိုင်းသားဖြစ်နေတဲ့ ဖခင်ဖြစ်သူက ပြောပါတယ်။ လက်ရှိမှာတော့ မိန်းကလေး ၂ ဦးရဲ့ အလောင်းတွေကို ချူလာလောင်ကွန်ဆေး ရုံဆီပို့ ဆောင်ထားပြီး ပြစ်မှုမှတ်တမ်းယူစစ်ဆေးမှုတွေ လုပ်နေတယ်လို့ သတင်းက ဆိုပါတယ်။ 1636724ရဲတွေအနေနဲ့ ပြစ်မှုကျူးလွန်တဲ့ ကျောင်းသားနဲ့ သူ့ရဲ့မိဘတွေကို ခေါ်ယူစစ် ဆေးမှုတွေ ဆက်လက်လုပ်ဆောင်သွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
5 years Ago
Up