သြစတြေးလျနိုင်ငံ ဆစ်ဒနီမြို့မှာ မေ ၂၁ ရက်က ဆိုင် ၁ ဆိုင်ထဲကို ကား ၁ စီး ဝင်တိုက်ခဲ့တာကြောင့် လူ ၁၂ ယောက် ဒဏ်ရာရခဲ့ပါတယ်။
ကားဟာ မီးပွိုင့်မှာ ရပ်ထားတဲ့ ကား ၁ စီးကို ကနဦး ဝင်တိုက်ပြီးနောက် လမ်းဆုံကို ကျော်ဖြတ်ကာ အနီးဝန်းကျင်ရှိ အစ္စလာမ်အသုံးအဆောင် ဆိုင်တခုကို ဝင်တိုက်ခဲ့တာပါ။
အခင်းနေရာက ကားဒရိုင်ဘာနဲ့ လမ်းသွားလမ်းလာ ၁၁ ယောက်ကို ဒဏ်ရာရရှိခဲ့ကြပြီး မစိုးရိမ်ရဘူးလို့ သိရပါတယ်။
အသက် ၅၁ နှစ် အရွယ် ယာဉ်မောင်းဟာ အရင်က ယာဉ်တိုက်မှုဖြစ်ခဲ့တဲ့ ရာဇဝင်ရှိပီ့း သူ့ကို သွေးနဲ့ ဆီးစစ်ဖို့ ဆေးရုံခေါ်သွားခဲ့ပါတယ်။ ယာဉ်တိုက်မှုဖြစ်ရတဲ့ အကြောင်းရင်းကို စုံစမ်းနေတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
11 months Ago