၁၂ ဦး ထပ်တို

A d v e r t i s e m e n t With Us

December 31, 2020

မကွေးတိုင်းတွင် ကိုဗစ်-၁၉ အတည်ပြုလူနာ ၁၂ ဦး ထပ်တိုး ၊  ၁ ဦး သေဆုံး

မကွေးတိုင်းဒေသကြီးမှာ ဒီဇင်ဘာ ၃၀ ရက်နေ့က ကျန်းမာရေးဝန်ထမ်း  တစ်ယောက်အပါဝင် ကိုဗစ်-၁၉ အတည်ပြုလူနာ ၁၂ ယောက်တွေ့ရှိခဲ့ပြီးတော့ တစ်ယောက်ထပ်မံ သေဆုံးခဲ့တယ်လို့ တိုင်းဒေသကြီးကျန်မာရေးဦးစီးဌာနကနေ သိရပါတယ်။ တိုင်းဒေသကြီး ပြည်သူ့ဆေးရုံ တာဝန်ရှိသူတစ်ဦးက "ကျန်းမာရေးဝန်ထမ်း သူနာပြု တစ်ယောက် အနံပျောက်တာကြောင့် ဓာတ်ခွဲစစ်ဆေးရာမှာ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့တယ်"လို့ ပြောပါတယ်။ ဒါ့ပြင် သင်ကြားရေးဆေးရုံမှာ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိပြီး တက်ရောက်ကုသနေတဲ့ ချောက်မြို့နယ် ကုန်းကြီးကျေးရွာက အသက် ၇၆ နှစ်အရွယ် အမျိုးသားတစ်ယောက်ဟာလည်း အဆုတ်ထိခိုက်အားနည်းပြီး သေဆုံးခဲ့တယ်လို့ တိုင်းဒေသကြီးကျန်းမာရေးဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။ တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေး ဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာခင်မောင်သန်းက "ပိုးတွေ့အတည်ပြုလူနာတွေကတော့ အောင်လံမြို့နယ်က ကိုး ယောက်၊ ငဖဲမြို့နယ်က တစ်ယောက်၊ ရေစကြိုမြို့နယ်က တစ်ယောက်နဲ့ ပခုက္ကူမြို့နယ်က တစ်ယောက်မှာ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့တာ” လို့  ပြောပါတယ်။ အောင်လံမြို့နယ်က ပိုးတွေ့လူနာ ကိုးယောက်အနက် အနံ့ ပျောက်လူနာ လေးယောက်၊ ပိုးတွေ့လူနာနဲ့ထိစပ်သူ ငါးယောက်ဖြစ်ပြီးတော့ ငဖဲ၊ ရေစကြိုနဲ့ပခုက္ကူမြို့နယ်က ပိုးတွေ့လူနာ သုံးယောက်ကတော့ ယာဉ်မောင်းတွေ ဖြစ်ပါတယ်။ မကွေးတိုင်းဒေသကြီးအတွင်းမှာ ဒီဇင်ဘာ ၃၀ ရက် ညပိုင်းအထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၂၅၁၇ ယောက်ထိ ရှိလာပြီး၊ သေဆုံးသူ ၇ ယောက်ရှိတယ်လို့ တိုင်းဒေသကြီး ပြည်သူ့ ကျန်းမာရေးဦးစီးဌာနကနေ သိရပါတယ်။ မင်းထီး
2 months Ago
Up