၁၂ ဦး သေဆုံး

January 1, 2018

ကို့စ်တာရီကာတွင် လေယာဉ်တစီး ပျက်ကျ၊ ၁၂ ဦး သေဆုံး

ကို့စ်တာရီကာ နိုင်ငံမှာ လေယာဉ်တစီး မနေ့က ပျက်ကျခဲ့လို့ အမေရိကန်နိုင်ငံသား ၁၀ ယောက် နဲ့ လေယာဉ်မှူး ၂ ယောက် သေဆုံးတယ်လို့ ကို့စ်တာရီကာ အစိုးရက ပြော ပါတယ်။ လေယာဉ် ပျက်ကျရတဲ့ အကြောင်းရင်းကို မသိရသေးဘူးလို့ အစိုးရ လုံခြုံရေးဝန်ကြီးက ပြောပါတယ်။ မြို့တော် စန်ဟိုဆေးရဲ့ အနောက်ဘက် မိုင် ၁၄၀ အကွာက တောင်ထူတဲ့ ပန်တာ အစ်လီတာ ဒေသမှာ လေယာဉ် ပျက်ကျခဲ့တာပါ။ ဒီနေရာဟာ ကမ္ဘာလှည့်ခရီးသည်တွေကြားမှာ လူကြိုက်များပါတယ်။ ဒေသခံ ကုမ္ပဏီ နေးချားအဲရ်က လုပ်ငန်းလည်ပတ်နေတဲ့ လေယာဉ်ပျက်ကျတာလို့ ကို့စ်တာရီကာ အရပ်ဘက် လေကြောင်း အေဂျင်စီရဲ့ ညွှန်မှူး အဲနိုယို ကုဘီလိုက ပြောပါတယ်။ နေးချားအဲရ် ကုမ္ပဏီကိုတော့ ဆက်သွယ်လို့ မရသေးပါဘူး။ လေယာဉ်ပျက်ကျလို့ သေဆုံးတဲ့ လေယာဉ်အမှုထမ်းထဲက တယောက်ဟာ သူ့ မောင်နှမဝမ်းကွဲ ဖြစ်တယ်လို့ ၂၀၁၀ ကနေ ၂၀၁၄ ခုနှစ်ထိ ကို့စ်တာရီကာ သမ္မတ ဖြစ်ခဲ့သူ လော်ရာ ချင်ချီလာက တွစ်တာ လူမှုကွန်ရက်ပေါ်မှာ ပြောပါတယ်။ ပန်တာ အစ်လီတာဟာ ကို့စ်တာရီကာ နိုင်ငံရဲ့ ပစိဖိတ် ကမ်းရိုးတန်းဒေသမှာ ရှိတာပါ။ ကမ်းခြေတွေနဲ့ လှပတဲ့ မြေမျက်နှာသွင်ပြင်ကြောင့် မြောက်အမေရိကနဲ့ ဥရောပက ခရီးသည်တွေကြားမှာ လူကြိုက်များပါတယ်။
4 years Ago

October 1, 2017

ကွန်ဂို စစ်ကုန်တင်လေယာဉ်တစီး ပျက်ကျ၊ ၁၂ ဦး သေဆုံး

ကွန်ဂိုနိုင်ငံ မြို့တော်ကင်ရှာဆာမှာ စစ်တပ်သုံး ကုန်တင်လေယာဉ်တစီး မနေ့က ပျက်ကျလို့ လေယာဉ် ဝန်ထမ်း ၁၂ ယောက် သေဆုံးတယ်လို့ ကာကွယ်ရေး ဝန်ကြီးက ပြောပါတယ်။ ကုန်တင်လေယာဉ်ဟာ ကင်ရှာဆာ မြို့တော် အန်ဂျီလီလေဆိပ်ကနေ ပျံတက်ပြီး မကြာခင် မီးလောင်ပြီး အနားက သစ်တောကြိုးဝိုင်းထဲ ပျက်ကျခဲ့တယ်လို့ ပျက်ကျတာကို မြင်ခဲ့တဲ့ စစ်တပ် အရာရှိတယောက်က ဆိုပါတယ်။ Congo2 ဒီကြိုးဝိုင်းသစ်တောကို စစ်တပ်ရဲ့ ရီပတ်ဘလစ်ကင် အစောင့်တပ်က ထိန်းချုပ်ပါတယ်။ သေဆုံးသူတွေထဲမှာ ကွန်ဂိုနိုင်ငံသားတွေနဲ့ နိုင်ငံခြားသားတွေ ပါတယ်လို့ အမည်မဖော်တဲ့ အရာရှိက ပြောပါတယ်။ အန်တိုနော့ဗ် ၁၂ လေယာဉ်ဟာ နိုင်ငံ အရှေ့ပိုင်း ဘူခါဗူမြို့ကို သွားဖို့ စီစဉ်ထားခဲ့တာလို့ အမည်မဖော်တဲ့ ကွန်ဂိုလေတပ် ထောက်လှမ်းရေး တယောက်က ပြောပါတယ်။ လေယာဉ်ပျက်ကျတဲ့ နေရာကို သတင်းထောက်တွေ ချဉ်းကပ်လို့မရအောင် စစ်သား တွေက ဟန့်တားထားပါတယ်။ ဒါပေမယ့် ပျက်ကျတဲ့နေရာကနေ မီးခိုးတွေ အူတက်နေတာကို ကီလိုမီတာ အတော်များများ အဝေးကနေ မြင်နိုင်တယ်လို့ မျက်မြင်သက်သေက ရိုက်တာသတင်းဌာနကို ပြောပါတယ်။ ဘေးကင်းရေး စံချိန်စံညွှန်းတွေ လျော့ရဲလို့ လေကြောင်းမတော်တဆမှုတွေက ကွန်ဂိုနိုင်ငံမှာ မကြာခဏ ဖြစ်ပွားလေ့ ရှိပါတယ်။ ကွန်ဂိုနိုင်ငံက စီးပွားဖြစ် ကုန်တင်လေယာဉ်အားလုံးဟာ ဥရောပသမဂ္ဂအဖွဲ့ဝင် နိုင်ငံတွေမှာ လုပ်ငန်းမလုပ်ဖို့ တားမြစ်ပိတ်ပင်ခံထားရပါတယ်။
4 years Ago
More News
Up