၁၂ ဘီးယာဉ်နှင့် ဆိုင်ကယ်တိုက်မိ၊

September 4, 2017

၁၂ ဘီးယာဉ်နှင့် ဆိုင်ကယ်တိုက်မိ၊ တပ်မတော်သား ၁ ဦး သေဆုံး

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့နယ် မိတ္ထီလာ-သာစည်လမ်း ဥယျာာဉ်ရွာ ကွန်ပျူတာ တက္ကသိုလ်အနီးမှာ စက်တင်ဘာ ၃ ရက် ည ၇ နာရီခွဲလောက်က ၁၂ ဘီးယာဉ်နဲ့ တိုက်မိလို့ တပ်မတော်သားတဦး သေဆုံးသွားပါတယ်။ မျိုးမင်းထိုက် မောင်းလာတဲ့ ၁၂ ဘီးယာဉ်နဲ့ အမှတ် ၃ အလုပ်ရုံတပ်စု လျှပ်/စက် GE တပ်မှ တပ်ကြပ်ကြီး သန်းတင် စီးလာတဲ့ ဆိုင်ကယ်တို့ မျက်နှာချင်းဆိုင်တိုက်မိခဲ့တာဖြစ်ပါတယ်။ မိတ္ထီလာအမှတ် ၂ ရဲစခန်းမှ ဒုရဲအုပ်အောင်သိုက်က "တပ်ကြပ်ကြီး သန်းတင် ပါးစပ်နဲ့ နှာခေါင်းက သွေးထွက်နေတယ်။ ယာဘက် လက်ဖမိုးပေါက်ပြဲပြီး လက်ကောက်ဝတ် နဲ့ မျက်လုံး ဖူးရောင်နေတယ်၊ ဒဏ်ရာပြင်းတယ်၊ စိုးရိမ်ရတယ်။ မိတ္ထီလာကုတင် ၅၀၀ တပ်မတော်ဆေးရုံရောက်ပြီး ည ၉ နာရီလောက်မှာ သေဆုံးသွားတယ်" လို့ ပြောပါတယ်။ မိတ္ထီလာအမှတ် ၂ ရဲစခန်းက ယာဉ်မဆင်မခြင်မောင်းလို့ လူသေဆုံးမှု/ပြင်းထန်ဒဏ်ရာရမှု ရာဇသတ်ကြီးပုဒ်မ ၃၀၄-က/၃၃၈ နဲ့ ၂ ဦးလုံးအား အမှုဖွင့်ကာ မျိုးမင်းထိုက်အား ဖမ်းဆီးပြီး တပ်ကြပ်ကြီး သန်းတင်အား သက်ဆိုင်ရာတပ်ကို လွှဲပြောင်းပေးခဲ့တယ်လို့ ဆိုပါတယ်။ သတင်း-မောင်မောင်လင်း(ဝမ်းတွင်း)
4 years Ago
Up