၁၂ ဘီးယာဉ်က သစ်ပင်ကို ၀င်တိုက်

December 25, 2016

မိုးညှင်းတွင် ၁၂ ဘီးယာဉ်က သစ်ပင်ကို ၀င်တိုက်၊ ၁ ဦး သေဆုံး

ကချင်ပြည်နယ်၊ မိုညှင်းမြို့နယ် မော်ဟန်ကျေးရွာအနီး ကားလမ်းမကြီးမှာ ဒီဇင်ဘာ ၂၄ ရက် ညနေ ၅ နာရီ ၄၅ မိနစ်က ယာဉ်တစီးက သစ်ပင်ကို ၀င်တိုက်မိလို့ လူ ၁ ဦးသေဆုံးခဲ့ပါတယ်။ ဖြစ်စဉ်မှာ နတ်မောက်မြို့နယ် လက်ခုပ်ပြင်ကျေးရွာနေသူ ယာဉ်မောင်း ကျော်ကြီးမောင်းလာတဲ့ ယာဉ်အမှတ် ၉ခ/၉၈၂၀ ၁၂ ဘီး ယာဉ်ဟာ မော်ဟန်ကျေးရွာ နတ်ကြီကုန်းရပ်ကွက် ယာဘက်လမ်းမကြီးအောက် တောင်အဆင်းမှာ အရှိန်မထိန်းနိုင်ဘဲ သစ်ပင်နဲ့တိုက်မိလို့ ယာဉ်မောင်းကျော်ကြီး ၂၅ နှစ်မှာ အခင်းဖြစ်နေရာမှာ သေဆုံးသွားခဲ့ပါတယ်။ အခင်းဖြစ်စဉ်ကြောင့် လူ့အသက်သေဆုံးအောင် ယာဉ်ကို မဆင်မခြင် မောင်းနှင်သူ ကျော်ကြီးအား ဒုရဲအုပ်အေးမင်းက (ပ)အမှတ် ယာဉ်(ပ)၂၃/၁၆ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က တို့နဲ့ တရားလိုပြုကာ မိုးညှင်းမြို့မရဲစခန်းမှာ အမှုဖွင့် အရေးယူ အမှုဖွင့်ဆောင်ရွက်နေကြောင်းသိရပါတယ်။
5 years Ago
Up