၁၂ နှစ်

April 1, 2020

ကိုရိုနာကြောင့် ဘယ်လ်ဂျီယံက ၁၂ နှစ် ကလေးသေဆုံး၊ ကမ္ဘာတွင် အသက်အငယ်ဆုံး သေဆုံးမှုဖြစ်

ဘယ်လ်ဂျီယံနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် အသက် ၁၂ နှစ်အရွယ် မိန်းကလေးတဦး သေဆုံးခဲ့တယ်လို့ အထူးတပ်ဖွဲ့ပြောခွင့်ရ ပုဂ္ဂိုလ်က မတ်လ ၃၁ ရက်မှာ ပြောခဲ့ပါတယ်။   အဲဒီမိန်းကလေးဟာ ဥရောပမှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးတဲ့ အသက်အငယ်ဆုံး ဖြစ်တယ်လို့ ဒေသမီဒီယာမှာ ဖော်ပြပါတယ်။ COVID-19 ရောဂါ အခုလို ပျံ့နှံ့တဲ့ဖြစ်စဉ်ဟာ  ရှားရှားပါးပါး ဖြစ်တယ်လို့ ဗိုင်းရပ်စ် ပညာရှင် အီမန်နျူရယ် အန်ဒရေးက တရားဝင် သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။   သေဆုံးသွားတဲ့ မိန်းကလေးမှာ နဂိုရောဂါအခံ ရှိ မရှိ ဆိုတာကိုတော့  ဘယ်လ်ဂျီယမ် အရာရှိတွေက အသေးစိတ် မပြောခဲ့ပါဘူး။  မတ်လ ၃၁ ရက်က ဘယ်လ်ဂျီယံမှာ  ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ  ၉၈ ဦးရှိခဲ့ပြီး စုစုပေါင်း သေဆုံးသူ ၇၀၅ ဦး ရှိလာပါတယ်။   COVID-19 ပိုး  ထပ်မံတွေ့ရှိသူ ၈၇၆ ဦး ရှိပြီး ကူးစက်သူ အရေအတွက်ဟာလည်း ၁၂,၀၀၀ ကျော်လာပါတယ်။    ဆေးရုံတင်ထားသူ  ငါးထောင်လောက်ရှိပြီး   ဆေးဘက်ဝန်ထမ်း ထက်ဝက်ခန့်ဟာလည်း  ကိုရိုနာဗိုင်းရပ်စ် တိုက်ဖျက်ရေးမှာ ပါဝင်နေပါတယ်။   နောက်ပြီး ဗိုင်းရပ်စ် ကူးစက်မှုဟာ လာမယ့်ရက်ပိုင်း၊ သီတင်းပတ်ပိုင်းအတွင်း  အထွတ်အထိပ်ရောက်လာမယ်လို့ ကျွမ်းကျင်သူတွေက မျှော်လင့်ထားပါတယ်။   
2 years Ago
Up