၁၂၇ ကြိမ်မြောက် ကမ္ဘာ့အလုပ်သမားနေ့အခမ်းအနား

May 1, 2017

၁၂၇ ကြိမ်မြောက် ကမ္ဘာ့အလုပ်သမားနေ့အခမ်းအနား ရန်ကုန်မြို့၌ ကျင်းပ

၁၂၇ ကြိမ်မြောက် ကမ္ဘာ့အလုပ်သမားနေ့အခမ်းအနားကို ရန်ကုန်မြို့ မင်းဓမ္မလမ်းမှာရှိတဲ့ မြန်မာကွန်ဗန်းရှင်းစင်တာ MCC မှာ ကျင်းပနေပါတယ်။ ဒီပွဲကို ပြည်ထောင်စုအဆင့် အလုပ်သမား လူဝင်မှုကြီးကြပ်ရေးနှင့် လူမှုဖူလုံရေး ဝန်ကြီးဌာန ဝန်ကြီး ဦးသိမ်းဆွေ၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် အလုပ်သမားရေးရာဝန်ကြီး ဦးဇော်အေးမောင်တို့ အပါအဝင် အစိုးရအဖွဲ့ဝင်များနဲ့ လွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပါတယ်။ ဒါ့အပြင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးထင်ကျော်ကလည်း သဝဏ်လွှာပေးပို့ခဲ့ပါတယ်။ ဒီပွဲကို အလုပ်သမားအင်အား ၆၀၀ ကျော်ခန့် တက်ရောက်ကြပါတယ်။
4 years Ago
Up