၁၂၀ ဒဏ်ရာရ

October 31, 2020

တူရကီတွင် အားပြင်းငလျင်ကြောင့် ၄ ဦးသေဆုံး၊ ၁၂၀ ဒဏ်ရာရ 

တူရကီနိုင်ငံမှာ အောက်တိုဘာလ ၃၀ ရက်က အားပြင်းငလျင်ကြောင့် ၄ ယောက် သေဆုံးပြီး အယောက် ၁၂၀ ဒဏ်ရာရခဲ့တယ်လို့ ဘေးအန္တရာယ်စီမံခန့်ခွဲရေးအာဏာပိုင်အဖွဲ့က ပြောခဲ့ပါတယ်။   ပြင်းအား  ၆ ဒသမ ၆  မဂ္ဂနီကျူ့ရှိပြီး  ဗဟိုချက်ဟာ  အစ္စမေးလ်ပြည်နယ် ကမ်းရိုးတန်းက ၁၁ မိုင် အကွာမှာ လှုပ်ခတ်ခဲ့တါလို့ ဘေးအန္တရာယ် စီမံခန့်ခွဲရေးအဖွဲ့က ဆိုပါတယ်။  အမေရိကန် ဘူမိတိုင်းတာရေးအဖွဲ့ကတော့ မြေငလျင်ပြင်းအားဟာ  ၇ မဂ္ဂနီကျူ့ ရှိတယ်လို့ ပြောပါတယ်။  မြေငလျင်ကြောင့် ဆူနာမီလှိုင်း ဖြစ်ပေါ်ခဲ့ပြီး အစ္စမေးလ်ခရီးသွားမြို့က အဆောက်အဦတချို့ လည်း  ပြိုကျခဲ့ပါတယ်။  ဒါ့အပြင် မြေငလျင် သက်ရောက်မှုကို တူရကီနဲ့ ဂရိနှစ်နိုင်ငံစလုံး ခံစားခဲ့ရတယ်လို့  ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။  
1 year Ago
Up