အသက် ၁၁ နှစ်အရွယ် မြေးဖြစ်သူ မိန်းကလေးကို နေအိမ်မှာ အဓမ္မပြုကျင့်ခဲ့တဲ့ အသက် ၆၈ နှစ်အရွယ် အဖိုးအိုတဦးကို ရဲတွေက ဖမ်းဝရမ်းထုတ်ပြီး ဖမ်းဆီးနိုင်ခဲ့တယ်လို့ ထိုင်းဘာသာနဲ့ထုတ်ဝေတဲ့ ထိုင်းရတ်သတင်းတပုဒ်မှာ ဖော်ပြပါတယ်။
အက်ခ်လို့အမည်ရတဲ့ အဲဒီအဖိုးအိုဟာ အသက် ၆၈ နှစ်အရွယ်ရှိနေပြီဖြစ်ကာ မြေးဖြစ်သူ မိန်းကလေးကို အဓမ္မပြုကျင့်ခဲ့ကြောင်း ရဲတွေကို ၀န်ခံလိုက်တာပါ။
အဲဒီမိန်းကလေးရဲ့ မိခင်ဖြစ်သူက အဖိုးအိုဟာ သူ့ရဲ့ ဒုတိယအိမ်ထောင် အမျိုးသားရဲ့ ဖခင်ဖြစ်ပြီး အခုအဓမ္မပြုကျင့်ခံရတဲ့ သမီးလေးဟာ သူ အရင်အိမ်ထောင်နဲ့ရခဲ့တဲ့ သမီးလေးဖြစ်တယ်လို့ ဆိုပါတယ်။
သူတို့မိဘ ၂ ဦးကတော့ ဆောက်လုပ်ရေးလုပ်ငန်းတွေမှာ လုပ်ကိုင်ကြတာဖြစ်ပြီး အလုပ်ရှိတဲ့ ခရိုင်တွေဆီ သွားရောက်အလုပ်လုပ်ကိုင်နေချိန်မှာ ကလေးကို အဖိုးဖြစ်သူဆီမှာ ကြည့်ရှုစောင့်ရှောက်ပေးဖို့ ထားခဲ့လေ့ရှိတယ်လို့ ပြောပါတယ်။
သမီးငယ် ၅ နှစ်အရွယ်လောက်ကတည်းက ထိန်းကျောင်းခဲ့တာမို့ သူ့အနေနဲ့တော့ အဖိုးအိုအပေါ် ယုံကြည်နေခဲ့တာလို့ မိခင်ဖြစ်သူက ဆိုပါတယ်။
ဒါပေမယ့် ပြီးခဲ့တဲ့လမှာတော့ သမီးဟာ အားလပ်ရက် ကျောင်းပိတ်စဉ် အဖိုးဆီသွားရောက်ဖို့ ခေါ်ချိန်မှာ ကြောက်လန့်တကြား ငြင်းပယ်ခဲ့တာပါ။
ဘာလို့လဲဆိုတော့ သူဟာ ကျောင်းပိတ်ရက်မှာ အဖိုးဖြစ်သူရဲ့ အဓမ္မပြုကျင့်ခြင်း ခံခဲ့ရတယ်လို့ မိခင်ကို ပြောခဲ့ပါတယ်။
အဲဒီနောက် မိခင်ဖြစ်သူက ရဲတွေကို တိုင်တန်းကာ ဖမ်းဝရမ်းထုတ်ခဲ့ပြီး ခုချိန်မှာတော့ အဖိုးဖြစ်သူကို ဖမ်းဆီးနိုင်ခဲ့ပြီဖြစ်တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။
6 years Ago