၁၁ နှစ်အရွယ် ယောက်ျားလေး၏ ကိုယ်ပေါ်မှ အသေခံဗုံးခွဲဝတ်စုံကို ဖယ်ရှားပြီး ဖမ်းဆီး

A d v e r t i s e m e n t With Us

June 30, 2017

၁၁ နှစ်အရွယ် ယောက်ျားလေးနှင့် လိင်ဆက်ဆံပြီး ကိုယ်ဝန်ရခဲ့သည့် အမျိုးသမီး ဖမ်းဆီးခံရ

အမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ်က အမျိုးသမီးတဦးဟာ အသက် ၁၁ နှစ်အရွယ် ယောက်ျားလေးနဲ့ လိင်ဆက်ဆံပြီး ကိုယ်ဝန်ရခဲ့တဲ့အတွက် ဇွန်လ ၂၇ ရက်နေ့က ဖမ်းဆီးခံခဲ့ရပါတယ်။ ဒေသတွင်းဥပဒေဖြစ်တဲ့ Sexual Battery ခေါ် အသက် ၁၆ နှစ်အောက်အရွယ်နဲ့ လိင်ပိုင်းဆိုင်ရာ ပတ်သက်ဆက်စပ် လိင်ဆက်ဆံမှုနဲ့ ဖမ်းဆီးတရားစွဲဆိုခံထားရတာဖြစ်တယ်လို့ ဇွန်လ ၂၉ ရက် အင်ဒီပန်းဒန့်သတင်းတပုဒ်မှာ ဖော်ပြထားပါတယ်။ အသက် ၂၅ နှစ်အရွယ် မာရီဆာအက်ရှ်လေမိုရီဟာ ၂၀၁၄ ခုနှစ် ဇန်နဝါရီလကတည်းက အဲဒီ ၁၁ နှစ်အရွယ် ယောက်ျားလေးနဲ့ လိင်ဆက်ဆံခဲ့တာဖြစ်ပြီး အဲ့ဒီနှစ် အောက်တိုဘာလမှာတော့ ကလေးမွေးဖွားခဲ့ပါတယ်။ မစ္စမိုရီက အခုအချိန်မှာ အသက် ၁၄ နှစ်အရွယ်ဖြစ်နေတဲ့ ကောင်လေးနဲ့ ၃ နှစ်အတွင်း အကြိမ်ပေါင်းများစွာ လိင်ဆက်ဆံခဲ့တယ်လို့ ဟေးလ်ဘိုရိုကောင်တီ ငြိမ်ဝပ်ပိပြားရေးရုံးက ပြောပါတယ်။ မွေးဖွားခဲ့ပြီး အခု အသက် ၃ နှစ်ရှိနေပြီဖြစ်တဲ့ ကလေးကိုတော့ မစ္စမိုရီထံမှ ခေါ်ဆောင်ခဲ့ပြီး တခြားဂေဟာမှာ လုံခြုံစိတ်ချစွာ ထားထားပါတယ်။ အကျဉ်းထောင်မှတ်တမ်းအရ မစ္စမိုရီက ဖလော်ရီဒါပြည်နယ် တမ်ပါမြို့က အပန်းဖြေဥယျာဉ် စားသောက်ဆိုင်မှာ စားပွဲထိုးတဦးအနေနဲ့ အလုပ်လုပ်တယ်လို့ သိရပါတယ်။ သူမအတွက် ဆောင်ရွက်ပေးမယ့် ရှေ့နေမရှိဘဲ တရားရုံးမှာ ရင်ဆိုင်ရမယ့် နေ့စွဲအတိအကျလည်း မသတ်မှတ်ရသေးဘူးလို့ သတင်းမှာ ဖော်ပြထားပါတယ်။
4 years Ago

August 23, 2016

၁၁ နှစ်အရွယ် ယောက်ျားလေး၏ ကိုယ်ပေါ်မှ အသေခံဗုံးခွဲဝတ်စုံကို ဖယ်ရှားပြီး ဖမ်းဆီး (ရုပ်သံ)

အီရတ်ရဲတွေက အသက် ၁၁ နှစ်အရွယ် ယောက်ျားလေးတဦးရဲ့ ကိုယ်ပေါ်ကနေ အသေခံ ဗုံးခွဲဝတ်စုံကို ဖယ်ထုတ်အပြီး ကလေးကို ဖမ်းဆီးခဲ့ပါတယ်။ အီရတ်နိုင်ငံ ကာကက်မြို့ ရှီးယိုက်ဗလီနားမှာ သြဂုတ် ၂၁ ရက်က ဖြစ်ခဲ့တာပါ။ ရဲ ၂ ဦးက အင်္ကျီမပါတဲ့ ကလေးရဲ့ ကိုယ်ခန္ဓာကို ကိုင်ထားပြီး တတိယ အရာရှိက ကလေး ကိုယ်ပေါ်ကနေ ဖောက်ခွဲရေးဝတ်စုံကို ဖယ်လိုက်ပုံကို ကာဒစ်ရှ်ရုပ်သံ ကာဒစ္စတန် တွမ်တိဖိုးက ထုတ်လွှင့် ပြသပါတယ်။ ကာကက်မြို့ ရဲမှူး ဗိုလ်မှူးကြီး ခါတပ်ဘ် အိုမာက ကလေးဟာ တီအန်တီ ယမ်းအား ၂ ကီလိုပါတဲ့ ဖောက်ခွဲရေးပစ္စည်းတွေကို ဝတ်ထားတယ်လို့ ပြောပါတယ်။ ကလေးဟာ ဒီမြို့ကို လွန်ခဲ့တဲ့ ၅ ရက်၊ ၆ ရက်က ဝင်လာခဲ့တယ်လို့လည်း ပြောပါတယ်။ သြဂုတ် ၂၁ ရက် မနက်အစောပိုင်းက တူရကီနိုင်ငံ ဂါဇီယံတေ့ပ်မြို့က မင်္ဂလာဆောင်ပွဲမှာ တိုက်ခိုက်မှုအပြီး ဒီယောက်ျားလေးကို ဖမ်းမိတာပါ။ မင်္ဂလာပွဲ တိုက်ခိုက်မှုကိုလည်း အသက် ၁၂ နှစ်ကနေ ၁၄ နှစ်ကြား ကလေးတဦးက အသေခံ ဖောက်ခွဲခဲ့တာလို့ တူရကီသမ္မတ တေယစ် အာဒိုဂမ်က ပြောပါတယ်။ တိုက်ခိုက်မှုကို စီစဉ်သူဟာ အစ္စလာမ္မစ်နိုင်ငံ အမည်ခံ အိုင်အက်စ်စစ်သွေးကြွတွေ ဖြစ်ပုံရတယ်လို့ အာဒိုဂမ်က ပြောခဲ့ပါတယ်။
5 years Ago
Up