၁၁ ဦး ပျောက်

August 24, 2020

တူရကီတွင် ရေဘေးကြောင့် ၄ ဦး သေဆုံး၊ ၁၁ ဦး ပျောက်နေ

တူရကီနိုင်ငံမြောက်ပိုင်း ပင်လယ်နက်ဒေသမှာ ရေဘေးကြောင့် စစ်သားတယောက်အပါအဝင် လူ ၄ ယောက်သေဆုံးပြီး ၁၁ ယောက် ပျောက်နေတယ်လို့ ပြည်ထဲရေးဝန်ကြီးက သြဂုတ် ၂၃ ရက်မှာ ပြောပါတယ်။ အာဏာပိုင်တွေက ရှင်းလင်းရေး နဲ့ ကယ်ဆယ်ရေးလုပ်ငန်းတွေကို ဆက်ပြီး ဆောင်ရွက် နေပါတယ်။  နိုင်ငံမြောက်ပိုင်း ဂျီရေဆန်ခရိုင်မှာ အိမ်တွေ၊ ဆိုင်တွေ၊ ကားတွေ ရေဘေးကြောင့် ပျက်စီးပြီး လမ်းအတော်များများ ပိတ်ဆို့ခဲ့တယ်လို့ သိရပါတယ်။ ရေစီးနဲ့ မျောပါသွားတဲ့ ကားတွေနဲ့ ရွှံ့ထဲ နစ်နေတဲ့ ကားတွေကိုလည်း တွေ့ရပါတယ်။  ဂျီရေဆန်ခရိုင်မှာ သြဂုတ်လအတွက် ပျမ်းမျှ မိုးရေချိန်ထက် တဆခွဲ မိုးပိုများခဲ့တယ်လို့ စိုက်ပျိုးရေးနဲ့ သစ်တောဝန်ကြီးက ပြောပါတယ်။ တူရကီသမ္မတ တေယစ်အာဒိုဂံက အပျက်အစီးတွေ အားလုံးပြင်ဆင်ပြီးတာ သေချာစေရေး ပြည်နယ်ရင်းမြစ် အားလုံးကို သုံးဖို့ အမိန့်ထုတ်ထားပါတယ်။
1 year Ago
Up