၁၁ ဦး

August 5, 2018

တောဝက် ဘောလုံးအသင်းသားများ သာသနာ့ဘောင်မှ ပြန်ထွက်

ထိုင်းနိုင်ငံ မြောက်ပိုင်း ထန့်လွန်လှိုဏ်ဂူကနေ လွတ်မြောက်လာခဲ့တဲ့ လူငယ် ဘောလုံးသမား ၁၁ ဦးနဲ့ သူတိုရဲ့ နည်းပြတို့ဟာ သာသနာ့ဘောင်ကို  ခေတ္တ ဝင်ရောက်ခဲ့ပြီး နောက် သြဂုတ်လ ၄ ရက်နေ့မှာ လူထွက်ခဲ့ကြပါတယ်။ သူတို့ဟာ ကွယ်လွန်သွားခဲ့တဲ့ ထိုင်းရေတပ် ပင်လယ်ဖျံအဖွဲ့ရေငုပ်သမားအတွက် ရည်စူးပြီး  ဇူလိုင် ၂၅ ရက်နေ့က ရဟန်းသာမဏေ ဝတ်ခဲ့တာဖြစ်ပါတယ်။ ရေငုပ်သမား ဆာမန်ဂန်နန်ဟာ ကယ်ဆယ်ရေးမှာ အရေးပါတဲ့ အောက်ဆီဂျင်ဘူး သွားပို့ရင်း ရေနစ်သေဆုံးခဲ့တာဖြစ်ပါတယ်။ လူငယ်ဘောလုံးသမား ၁၁ ဦးနဲ့ နည်းပြတို့ရဲ့  သာသနာ့ဘောင်ကနေ လူထွက်ခဲ့တဲ့ အလှူပွဲကို ဧည့်ပရိသတ် ၃ဝဝ လောက် တက်ရောက်ပြိး လှူဖွယ် ပစ္စည်းတွေ ကပ်လှူခဲ့ပါတယ်။ စုစုပေါင်း လူငယ် ဘောလုံးသမား ၁၂ ဦး ရှိတဲ့အနက် ကျန်တဦးဟာ ဗုဒ္ဓဘာသာဝင် မဟုတ်တဲ့အတွက် သာမဏေ ဝတ်ခဲ့ခြင်း မရှိဘူးလို့ ဗွီအိုအေ သတင်းအရ သိရပါတယ်။
3 years Ago
Up