၁၁ မိနစ် လမ်းလျှောက်

December 6, 2020

၁ ရက်ကို ၁၁ မိနစ် လမ်းလျှောက်ပါက ကျန်းမာရေးဆိုးကျိုးများ လျော့ချနိုင်

တစ်နေ့ကို အနည်းဆုံး ၁၁ မိနစ် လမ်းလျှောက်တာက နာရီပေါင်းများစွာ ထိုင်လို့ဖြစ်တဲ့ ကျန်းမာရေးဆိုးကျိုးတွေကို  လျော့ကျစေနိုင်တယ်လို့ လေ့လာချက်အသစ်တစ်ခုက ဆိုပါတယ်။ ကိုယ်လက်လှုပ်ရှား မရှိတာနဲ့ လေ့ကျင့်ခန်း နှစ်ခုစလုံးက အသက်ရှည်မှုအပေါ်ဘယ်လောက် လွှမ်းမိုးလဲဆိုတဲ့ နည်းလမ်းတွေကို သုတေသနလုပ်ထားတဲ့ လေ့လာချက်အသစ် ဖြစ်ပါတယ်။ လူပေါင်းသောင်းချီကို သုတေသနပြုထားတဲ့ ဒီလေ့လာချက်က အချိန်အတော်ကြာ ထိုင်နေရသူတွေဟာ ငယ်ငယ်ရွယ်ရွယ်နဲ့ သေဆုံးမယ့် အန္တရာယ်ရှိတာကို တွေ့ရှိရပါတယ်။  တကယ်လို့ မတ်တပ်ရပ်ပြီး လှုပ်လှုပ်ရှားရှား ရှိမယ်ဆိုရင် သူတို့အနေနဲ့ အများကြီး မဟုတ်တောင်မှ အဲဒီခြိမ်းခြောက်မှုကို အတော်ကြီး လျှော့ချခဲ့တယ်လို့  လေ့လာချက်က ဆိုပါတယ်။   ဒီသုတေသနကို ဦးဆောင်ခဲ့တဲ့ နော်ဝေအားကစားသိပ္ပံကျောင်း ပါမောက္ခ အွန် အီကလွန်က "ခပ်သွက်သွက်လေး လမ်းလျှောက်တာဟာ အကောင်းဆုံး အလယ်အလတ်အဆင့် လေ့ကျင့်ခန်း ဖြစ်ပြီး နာရီဝက် ဒါမှမဟုတ် နာရီဝက်ထက်နည်းရင်တောင်မှာ အသက်ရှည်ဖို့ အထောက်အကူ ပြု နိုင်တယ်" လို့ ပြောဆိုခဲ့ပါတယ်။ 
4 months Ago
Up