၁၁ နှစ်ကြာကစား

February 28, 2020

မန်ယူအသင်းပွဲစဉ်များကို ကြည့်ရတာ နှစ်သက်ဆဲဟု ဘက်ခမ်းပြော

မန်ယူအသင်းပရိသတ် အစစ်အမှန်လည်းဖြစ်တာကြောင့် ဆုဖလားတွေနဲ့ဝေးကွာနေပေမယ့် ယူနိုက်တက်အသင်းရဲ့ ပွဲစဉ်တွေကြည့်ရတာကို နှစ်သက်နေဆဲဖြစ်တယ်လို့ ဒေးဗစ်ဘက်ခမ်းက ပြောလိုက်ပါတယ်။ ဘက်ခမ်းဟာ ၁၉၉၉ ခုနှစ်မှာ ဆုဖလား သုံးလုံးရယူနိုင်ခဲ့စဉ်က ကစားသမားတယောက်ဖြစ်ပြီး ၁၉၉၂ ခုနှစ်ကနေ ၂၀၀၃ခုနှစ်အထိ မန်ယူအသင်းမှာ ၁၁ နှစ်ကြာကစားခဲ့သူဖြစ်ပါတယ်။ မန်ယူအသင်းဟာ ၂၀၁၃ ခုနှစ်နောက်ပိုင်းမှာ ပရီးမီးယားလိဂ်ချန်ပီယံဆုဖလားနဲ့ ဝေးကွာနေ ပြီး ခြေစွမ်းကျဆင်း သွားခဲ့ပေမယ့်လည်း အသင်းရဲ့ပွဲစဉ်တွေကို ကြည့်ရတာကို နှစ်သက်နေဆဲ ဖြစ်တယ်လို့ ဘက်ခမ်းက ပြောပါတယ်။ အသင်းဖော်ဟောင်းဖြစ်တဲ့ လက်ရှယူနိုက်တက်နည်းပြ ဆိုးလ်ရှားအပေါ်မှာတော့ ဘက်ခမ်း က‌ ထောက်ခံစကားပြောကြားလိုက်ပြီး ကစားသမားတွေနဲ့ အသင်းအပေါ်မှာ အကာအကွယ်ပေး နိုင်တဲ့သူဖြစ်တယ်လို့ သုံးသပ်ခဲ့ပါတယ်။ 
1 year Ago
Up