၁၁၇ ဦးသေ

March 31, 2020

COVID-19 ရောဂါကြောင့် အီရန်တွင် တရက်တည်း ၁၁၇ ဦးသေဆုံး

အီရန်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် မတ်လ ၃၀ ရက်  တရက်တည်းတင် ၁၁၇ ဦးသေဆုံးခဲ့တာမို့ ကယ်ဆယ်ရေးဝန်ထမ်းတွေဟာ ၂၄ နာရီပတ်လုံး  လူနာတွေကို ဆေးရုံတွေဆီ လိုက်ပို့နေရပါတယ်။  ဒါကြောင့်  စုစုပေါင်း သေဆုံးသူ ၂၇၅၇ ဦးအထိ ရှိလာပြီး  ကူးစက်သူအရေအတွက် ၄၁, ၄၉၅ ဦး ရှိလာတယ်လို့ အီရန်ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားပါတယ်။  မတ်လ ၂၆  ရက်ကစလို့ အီရန်မှာ  တမြို့နဲ့ တမြို့သွားတာလာတာကို တားမြစ်ခဲ့ပြီး  အစိုးရဟာ တက္ကသိုလ်နဲ့ကျောင်းတွေကို ရက်ထပ်မံ တိုးမြှင့် ပိတ်ခဲ့ပါတယ်။   အလားတူ  ယဉ်ကျေးမှု ၊ ဘာသာရေးနဲ့ အားကစားပွဲတွေ အကုန်လုံးကိုလည်း  ယာယီ ရပ်ဆိုင်းခဲ့ပါတယ်။  အားကစားပွဲစဉ်တွေ ဖျက်သိမ်းတာနဲ့အတူ အက်ဇာဒီအားကစားရုံကိုလည်း အရေးပေါ်လူနာတင် ယာဉ်စခန်းအဖြစ် အသုံးပြုထားပါတယ်။  လူနာတင်ယာဉ်တွေကိုလည်း အလုပ်တစ်ခုပြီတိုင်း ပိုးသတ်ဆေးတွေ ဖြန်းပါတယ်။  မတ်လ ၂၀ ရက်မှာစတဲ့ ပါရှန်နှစ်သစ်ကူးရုံးပိတ်ရက်တွေမှာ ခရီးမသွားဖို့  တိုက်တွန်းချက်တွေကို အီရန်နိုင်ငံသား အတော်များများ လျစ်လျူရှုခဲ့ တာကြောင့်  ကူးစက်ခံရသူ တဟုန်ထိုးမြင့်တက်လာတယ်ဆိုပြီး ပြီးခဲ့တဲ့ သီတင်းပတ်မှာ အစိုးရက သတိပေးခဲ့ပါတယ်။
2 years Ago
Up