၁၁၃ ဦးသေဆုံ

August 6, 2020

လက်ဘနွန်တွင် ပေါက်ကွဲမှုကြောင့် ၁၁၃ ဦးသေဆုံး၊ ၄၀၀၀ ခန့် ဒဏ်ရာရ

လက်ဘနွန်နိုင်ငံ ဘေရွတ်မြို့မှာ ဖြစ်ခဲ့တဲ့ ကြီးမားတဲ့ပေါက်ကွဲမှုကြောင့် သေဆုံးသူ အရေအတွက်ဟာ သြဂုတ်လ ၅ ရက်မှာ ၁၁၃ ယောက် ရှိလာပြီး  ဒဏ်ရာရသူ  ၄၀၀၀ နီးပါး ရှိ လာပါတယ်။    အားပြင်းပေါက်ကွဲစေတဲ့ပစ္စည်းတွေ သိုလှောင်ရာဂိုဒေါင်တွေ ပေါက်ကွဲမှုဟာ   ဘေရွတ်မြို့ မှာ နှစ်များစွာအတွင်း  အားအပြင်းဆုံး ဖြစ်ပါတယ်။   နောက်ပြီး လက်ဘနွန်ဟာ နဂိုကတည်းက  စီးပွားရေးကျဆင်းတာနဲ့ ကိုရိုနာဗိုင်းရပ်စ်ကူး စက်တာတွေ တရှိန်ထိုး မြင့်နေတာလည်း ဖြစ်ပါတယ်။  ဆိပ်ကမ်းဧရိယာဟာ အပျက်အစီးတွေနဲ့ ကျန်ရစ်ခဲ့သလို အပြိုအပျက်ကနေ မီးခိုးတွေ ထွက်နေတာကို မြင်ရပါတယ်။  မြို့လယ်ကောင်က အဆောက်အအုံမျက်နှာစာတွေ ပွင့်ထွက်နေပြီး ပရိဘောဂတွေဟာ လမ်းနဲ့ ပူးကပ်နေသလို လမ်းပေါ်မှာ မှန်ကွဲစတွေ ပြန့်ကျဲနေပါတယ်။   အခုပေါက်ကွဲမှုကြောင့် ဖြစ်ပေါ်ခဲ့တဲ့ အပျက်အစီးတွေကို ပြင်ဆင်ဖို့ ဒေါ်လာ ဘီလီယံချီ ကုန်ကျလိမ့်မယ်လို့ ဘေရွတ်မြို့တော်ဝန်က ပြောဆိုထားပါတယ်။
1 year Ago
Up