၁၁၁ ဦး ပျောက်ဆုံးနေ

May 29, 2017

ရေကြီးမြေပြိုမှုကြောင့် သီရိလင်္ကာတွင် ၁၅၁ ဦးသေဆုံး၊ ၁၁၁ ဦး ပျောက်ဆုံးနေ

သီရိလင်္ကာနိုင်ငံတွင်  ရေကြီး မြေပြိုမှုတွေကြောင့် ၁၅၁ ဦးသေဆုံးခဲ့ပြီး ၁၁၁ ဦး ပျောက်ဆုံးနေတယ်လို့ သိရပါတယ်။ ကုလသမဂ္ဂနဲ့ အိမ်နီးချင်းနိုင်ငံတွေကို ရှာဖွေကယ်ဆယ်ရေးအတွက် အကူအညီတောင်းထားတယ်လို့ နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။ အိန္ဒိယနိုင်ငံက စစ်သင်္ဘော ၃ စီးနဲ့ တခြားအကူအညီတွေလည်း လွှတ်ထားတယ်လို့ ပြောပါတယ်။ အကြီးအကျယ် ရွာသွန်းခဲ့တဲ့ မိုးက နိုင်ငံအနှံ့ လူဦးရေ ၅ သိန်းလောက်ကို ဒုက္ခပေးခဲ့တာပါ။ တပ်သား ၂၀၀၀ လောက်ကို ရဲတွေနဲ့ လူမှုရေးအဖွဲ့တွေကို ကူညီဖို့ တာဝန်ပေးထားတယ်လို့ သီရိလင်္ကာ စစ်တပ်ပြောရေးဆိုခွင့်ရှိသူက ပြောဆိုကြောင်း ရိုက်တာသတင်းအရ သိရပါတယ်။
4 years Ago
Up