၁၁ကြိမ်

July 31, 2021

ပုသိမ်မြို့ပြပျောက်ကြားတော်လှန်ရေးတပ်ဖွဲ့က စစ်ကောင်စီရုံးများကို ၁၁ ကြိမ် ဗုံးခွဲတိုက်ခိုက်ခဲ့

ဧရာဝတီတိုင်း၊ ပုသိမ်မြို့မှာ အကြမ်းဖက်စစ်အုပ်စုရဲ့ ဌာနဆိုင်ရာရုံးတွေကို  ၁၁ ကြိမ် ဗုံးခွဲ တိုက်ခိုက်ခဲ့တယ်လို့ မြို့ပြပြောက်ကျားတော်လှန်ရေးတပ်ဖွဲ့က ပြောပါတယ်။

ဧပြီလကစတင်ပြီး ထွေအုပ်ရုံး၊ ဝန်ထမ်းအိမ်ရာ၊ ခရိုင်ရဲရုံး၊ ပညာရေးမှူးရုံးနဲ့ ကညနရုံးတွေအပါဝင် အကြမ်းဖက်စစ်အုပ်စုရဲ့ ထောက်တိုင်ရုံးတွေမှာ ဇူလိုင်လကုန်အထိ ၁၁ ကြိမ် ဗုံးခွဲခဲ့တယ်လို့ မြို့ပြပြောက်ကျား တော်လှန်ရေးတပ်ဖွဲ့(ပုသိမ်)ရဲ့ တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

"အဓိက ကျနော်တို့က  NUG အစိုးရရဲ့ အမိန့်ကိုနာခံပြီး အလုပ် လုပ်တာဆိုတော့ ပြည်သူတွေ ထိခိုက်မှုနည်းအောင် အကြမ်းဖက်စစ်အုပ်စုရဲ့ ထောက်တိုင် ဌာနဆိုင်ရာရုံးတွေမှာ ခွဲတာများပါတယ် ပြည်သူတွေ ထိခိုက်နိုင်မယ့် နေရာတွေကိုရှောင်ပါတယ်''လို့ ပြောပါတယ်။

ဌာနဆိုင်ရာရုံးတွေမှာ ၇ ကြိမ်ခွဲခဲ့ပြီး လေယာဥ်ကွင်းဘေးမှာ ၁ ကြိမ်၊ ပုသိမ်ဟိုတယ်ရှေ့မှာ ၂ ကြိမ်နဲ့ တရုတ်နိုင်ငံသားပိုင် ဟွာပိုတိုင်းစ်စက်ရုံမှာ ၁ ကြိမ်ကွဲခဲ့တာဖြစ်ပြီး လူတွေ ထိခိုက် သေဆုံးတာတော့ မရှိခဲ့ဖူးလို့ မြို့ပြပျောက်ကြားတော်လှန်ရေးတပ်ဖွဲ့ထံက သိရပါတယ်။

4 months Ago
Up