၁၀ နှစ်အရွယ်ကလေးငယ် ဓာတ်လိုက်သေဆုံးမှု အငြင်းပွား

June 1, 2016

၁၀ နှစ်အရွယ်ကလေးငယ် ဓာတ်လိုက်သေဆုံးမှု အငြင်းပွား

ရန်ကုန်မြို့ လှိုင်မြို့နယ်မှာ အသက် ၁၀ နှစ်အရွယ် ကလေးငယ်တဦး ဓာတ်လိုက်သေဆုံးမှု အငြင်းပွားမှုတွေ ဖြစ်နေပါတယ်။ မေလ ၃၁ ရက်နေ့က ရန်ကုန်မြို့ လှိုင်မြို့နယ် (၇) ရပ်ကွက်၊ မယ်ဇီကုန်းရပ်ကွက်မှာ နေထိုင်တဲ့ ကိုမြတ်မြတ်ကို (အသက် ၁၀ နှစ်) ဓာတ်လိုက်သေဆုံးခဲ့တာပါ။ ဒီနေ့ ဇွန်လ ၁ ရက်နေ့မှာ စတုတ္တတန်းကို စတင်တက်ရောက်ရမှာဖြစ်ပြီး ဓာတ်လိုက်တာ မဟုတ်ဘူးဆိုပြီး အငြင်းပွားတွေ ရှိနေတာပါ။ ဓာတ်လိုက်သေဆုံးတဲ့ ကိုမြတ်မြတ်ကိုရဲ့ အဖိုးဖြစ်သူက “ကိုမြတ်မြတ်ကိုက အိမ်ရှေ့ ရေမြောင်းကို ဖြတ်အကူး ဓာတ်တိုင်ကို ကိုင်မိရာက သေဆုံး သွားတယ်”လို့ ပြောပါတယ်။ လက်ရှိနောက်ဆုံးအခြေအနေကတော့ ဆေးစစ်ချက်ကိုစောင့်နေပြီး လှိုင်မြို့နယ် EPC ကတော့ တာဝန်ယူဖြေရှင်းပေးမယ်လို့ မိသားစုကို ပြောဆိုထားပါတယ်။ သတင်း၊ ဓာတ်ပုံ - ခင်နှင်းဖြူစိုး  
6 years Ago
Up