၁၀ ဦး သေဆုံး

April 1, 2018

အိန္ဒိယတွင် ကားတစီး ၀င်တိုက်၍ ဟိုတယ်ပြိုကျ၊ ၁၀ ဦး သေဆုံး

အိန္ဒိယနိုင်ငံ အလယ်ပိုင်း မဒယာပရာဒေ့ရှ်jပည်နယ် အင်ဒိုရ်မြို့မှာ လေးထပ် ဟိုတယ်တလုံး မတ် ၃၁ ရက် ညက ပြိုကျလို့ လူအနည်းဆုံး ၁၀ ယောက် သေဆုံးပြီး ၃ ယောက် ဒဏ်ရာရခဲ့ပါတယ်။ လူ ၁၀ ယောက်ကို အပျက်အစီးတွေ အောက်ကနေ အသက်ရှင်လျက် ကယ်ထုတ် နိုင်ခဲ့တယ်လို့ ရဲတွေက ဧပြီ ၁ ရက်မှာ ပြောပါတယ်။ ကယ်ဆယ်ရေးသမားတွေက ဆယ်ပေါင်တူတွေ၊ လွှစက်တွေကို သုံးပြီး ညလုံးပေါက် အလုပ်လုပ်ခဲ့တာပါ။ အပျက်အစီးတွေအောက်မှာ လူ ၅ ယောက်လောက် ပိတ်မိနေ နိုင်သေးတယ်လို့ ဆိုပါတယ်။ ယိုယွင်း ဟောင်းနွမ်းနေတဲ့ ဟိုတယ်ရှေ့ပိုင်းကို ကားတစီးက ဝင်တိုက်မိတာကြောင့် ခုလို ပြိုကျတာလို့ The Times of India သတင်းစာက ရေးပါတယ်။ အခန်း ၂၅ ခန်း ရှိခဲ့တဲ့ ပြိုကျဟိုတယ်ဟာ မြို့တွင်းဘူတာရုံနဲ့ အဝေးပြး ကားဂိတ်တို့နဲ့ နီးပါတယ်။ အိန္ဒိယနိုင်ငံတွင်း ဆောက်လုပ်ရေးသမားတွေက အထပ်မြင့် အဆောက်အဦတွေကို လုံလောက်တဲ့ ကြီးကြပ်ကွပ်ကဲမှု မရှိဘဲ စံချိန်မပြည့်တဲ့ ပစ္စည်းတွေ သုံးပြီး ဆောက်လေ့ရှိလို့ အဆောက်အဦတွေ ပြိုကျလေ့ရှိပါတယ်။ ၂၀၁၇ သြဂုတ်လကလလည်း ဘဏ္ဍာရေးမြို့တော် မွမ်ဘိုင်းမှာ တိုက်ခန်းတွဲတခု ပြိုကျလို့ လူ ၃၃ ယောက် သေဆုံးခဲ့ဖူးပါတယ်။
3 years Ago

March 4, 2017

တရုတ်တွင် ကုန်တင်ယာဉ်နှင့်ခရီးသည်တင်ဘတ်စ်ကား တိုက်၊ ၁၀ ဦး သေဆုံး (ရုပ်သံ)

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ယူနန်ပြည်နယ်မှာ မတ် ၂ ရက်နေ့က ကွန်ကရစ်တင်ထားတဲ့ ကုန်တင်ယာဉ်နဲ့ ခရီးသည်တင်ဘတ်စ်ကားတို့ တိုက်မိတာကြောင့် ၁၀ ဦး သေဆုံးပြီး ၃၈ ဦး ဒဏ်ရာရပါတယ်။ လင်ချန်းမြို့ ယွင်းရှန်းမြို့နယ်က အဝေးပြေးလမ်းမပေါ်မှာ ည ၁၁ နာရီ ခွဲလောက် မတ်ာတဆ ဖြစ်ခဲ့တာလို့ အစိုးရပြန်ကြားရေးရုံးက မတ် ၃ ရက်နေ့မနက်မှာ ကြေညာချက် ထုတ်ပြန်ပါတယ်။ စီချွမ်ပြည်နယ် လိုင်စင်ပြားနဲ့ ကွန်ကရစ်တင်ယာဉ်ဟာ လမ်းချော်ပြီး လူ ၄၇ ယောက်ကို တင်ထားတဲ့ ဘတ်စ်ကားကို ဝင်တိုက်ခဲ့တာလို့ ကြေညာချက်က ဆိုပါတယ်။ ဘတ်စ်ကားဟာ ဂံမာမြို့နယ်ကနေ ယူနန်ပြည်နယ်ရဲ့ မြို့တော် ခွေ့မိင်ကို သွားတဲ့ကားပါ။ တိုက်ခံရလို့ လမ်းပေါ် တိမ်းမှောက်ခဲ့ပါတယ်။ လူ ၉ ဦး အခင်းဖြစ်နေရာမှာ သေဆုံးပြီး ၁ ဦးက ဆေးရုံရောက်မှ သေဆုံးတယ်လို့ ကြေညာချက်က ဆိုပါတယ်။ သေဆုံး ဒဏ်ရာရသူတွေ ဘယ်သူဘယ်ဝါ ဆိုတာတော့ မပြောသေးပါဘူး။ ဒီအမှုကို အစိုးရက စုံစမ်းစစ်ဆေးနေပြီး ဒဏ်ရာရသူတွေကို ဆေးရုံတွေဆီ တင်ပို့ထားတယ်လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။ ရုပ်သံ - CCTV
4 years Ago
Up