၁၀ ဘတ်ကြေးဖဲကစားသည့် ထိုင်းအဘွားအို ၄ ဦး ဖမ်းဆီးခံရ

June 6, 2015

ထိုင်းဒုရဲမှူးအယောင်ဆောင် လက်ထပ်သူကို ခင်ပွန်းအဖြစ် ဆက်ချစ်မည်ဟု သတို့သမီးပြော

လွန်ခဲ့တဲ့ ရက်ပိုင်းက ထိုင်းဒုရဲမှူးကြီး အယောင်ဆောင်မှုနဲ့ မင်္ဂလာဆောင်ကနေ ဖမ်း ဆီးခံထားရသူ သတို့သားကို သတို့သမီးက အပြစ်မယူဘဲ ခင်ပွန်းအဖြစ် ဆက်ချစ်မယ်လို့ သတင်းထောက်တွေကို ပြောခဲ့ပါတယ်။ မန်နေဂျာအွန်လိုင်း ထိုင်းသတင်းဖော်ပြချက်အရ အသက် ၃၃ နှစ်ရွယ်ရှိ နိုင်းပကားဆစ် ကျူလာဟွမ် ဆိုသူဟာ ဆီဆကစ်ခရိုင်က မိန်းကလေးတဦးနဲ့ ဒုရဲမှူးကြီးဝတ်စုံဝတ်ပြီး မင်္ဂလာပွဲကျင်းပစဉ် တာဝန်ရှိရဲတပ်ဖွဲ့က ၀င်ရောက်ဖမ်းဆီးခဲ့ရာမှာ သတို့သမီးက ထိတ်လန့် မေ့မျောသွားခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီနောက်ပိုင်း သတင်းထောက်တွေက သတို့သမီးကို ဇွန်လ ၄ ရက်နေ့က သွားရောက်တွေ့ဆုံမေးမြန်းရာမှာ သူမအနေနဲ့ နိုင်းပကားဆစ်ပေါ်မှာ ဘယ်လိုမှ ဗွေမယူဘဲ သူ့ကို အရှက်ရစေတဲ့အတွက်လည်း လျော်ကြေးတောင်းမှာမဟုတ်ဘူးလို့ ပြောပါတယ်။ နိုင်းပကားဆစ်ဟာ ရဲအရာရှိယောင်ဆောင်မှုနဲ့ အဖမ်းခံထားရပေမယ့် သူ့အနေနဲ့ ခင်ပွန်းအဖြစ် ဆက်လက်ပေါင်းသင်းသွားမှာဖြစ်ကြောင်း၊ သူဟာ လူကောင်းဖြစ်ပြီး သူမကို အမှန်တကယ်မြတ်နိုးချင်း ရှိမရှိ အကြိမ်ကြိမ်စမ်းသပ်ခဲ့ပြီးမှ တောင်းရမ်းလက်ထပ်ယူဖို့ လက်ခံခဲ့တာ ဖြစ်ကြောင်း၊ ဒါကြောင့် သူ့မှာ ဘာအဆောင်ယောင်မှမရှိပေမယ့် သူတို့ ၂ ဦးကြား မေတ္တာစစ်က အဓိကကျတဲ့အတွက် သူပြစ်ဒဏ်က လွှတ်လာခဲ့ရင် ခင်ပွန်းအဖြစ် ဆက်လက်ပေါင်းသင်းသွားမယ်လို့ အမည်မဖော်လိုသူ သတို့သမီးက သတင်းထောက်တွေကို ပြောသွားပါတယ်။ ဆီစကစ်ခရိုင်ရဲစခန်းကတော့ လောလောဆယ် နိုင်းပကားဆစ်ရဲ့ ငွေလိမ်တောင်းမှု ခံရသူများ စာရင်းနဲ့ ဆုံးရှုံးမှုတွေ ပြန်လည်စစ်ဆေးနေပြီး ခရိုင်တရားရုံးမှာ တရားစွဲဆိုဖို့ အမှုတွဲ ပြင်ဆင်နေတယ်လို့ စခန်းမှူးက သတင်းထောက်တွေကို ပြောသွားပါတယ်။ စမွတ်စခွန်ဇာတိဖြစ်သူ နိုင်းပကားဆစ်ဟာ ထိုင်းအမျိုးသားထောက်လှမ်းရေးတပ်က ဒုရဲမှူးကြီး အယောင်ဆောင်ပြီး တပါးသူပေါ် လိမ်လည်လှည့်ဖြားထားတဲ့အတွက် ဇွန်လ ၂ ရက်နေ့က မင်္ဂလာဆောင်ပွဲကျင်းပစဉ် အဖမ်းခံခဲ့ရတာ ဖြစ်ပါတယ်။ ဓာတ်ပုံ - မန်နေဂျာအွန်လိုင်း [gallery ids="96180,96181,96182,96183,96184"]
7 years Ago

June 4, 2015

ထိုင်းရဲအရာရှိ ဟန်ဆောင် သတို့သားကို မင်္ဂလာဆောင်တွင် ဖမ်းဆီး

ထိုင်းနိုင်ငံ အရှေ့မြောက်ပိုင်း ဆီဆကစ်ခရိုင်မှာ ဒုရဲမှူးကြီး ၀တ်စုံဝတ် သတို့သားကို နယ်မြေခံရဲတပ်ဖွဲ့က မင်္ဂလာဆောင်အခမ်းအနားမှာ ၀င်ရောက်ဖမ်းဆီးခဲ့တယ်လို့ ထိုင်းရတ်သတင်း မှာ ဖော်ပြပါတယ်။ အသက် ၃၃ နှစ်ရွယ်ရှိ နိုင်းပကားဆစ် ကျူလာဟွမ် ဆိုသူဟာ မိမိကိုယ်မိမိ ထိုင်းအမျိုး သားထောက်လှမ်းရေးတပ်က ဒုဗိုလ်မှူးကြီးလို့ ဟန်ဆောင်ပြောဆိုပြီး လိမ်လည်နေတဲ့အတွက်  ဇွန်လ ၂  ရက်နေ့က သတို့သမီးနေရပ် ကန်ထရားလုမ်းမြို့မှာ မင်္ဂလာပွဲကျင်းပစဉ် ၀င်ရောက်ဖမ်းဆီးခဲ့တယ်လို့ ခရိုင်ရဲတပ်ဖွဲ့က သတင်း စာရှင်းလင်းပွဲမှာ ပြောကြားပါတယ်။ ရဲတပ်ဖွဲ့က သူ့ဆီကနေ ရဲအရာရှိဝတ်စုံဖြူတစုံ၊ ရဲဦးထုတ်၊ ပခုံးမှရာထူးပြကြယ်ပွင့်၊ ပွိုင့် ၃၈ ပစ္စတိုတစ်လက်၊  ကျည်ဆန် ၂၂ ထောင့်၊ ဂုဏ်ထူးဆောင်ဓားရှည်တစ်လက်၊ ရဲဝတ်စုံဝတ် ဓာတ်ပုံ ၂ ပုံ၊ အေတီအမ် ငွေထုတ်ကတ် ၈ ခုတို့ကို သက်သေအဖြစ် သိမ်းဆည်းခဲ့ပါတယ်။ သူဟာ အယောင်ဆောင် ရဲမှူးဖြစ်တယ်ဆိုတာကို အဲဒီနေ့မှ သိရတဲ့အတွက် သတို့သမီးဟာ မေ့လဲမတတ်ဖြစ်သွားသလို မိဘဆွေမျိုးနဲ့ ဧည့်ပရိသတ်ပေါင်း   ၁၀၀၀ ကျော်လည်း အံ့အားသင့်ခဲ့ရတယ်လို့ ဆိုပါတယ်။ နိုင်းပကားဆစ်ဟာ ဆမွတ်ဆာခွန်းဇာတိဖြစ်ပြီး သူဟာ စစ်တပ်နဲ့ ရဲတပ်ဖွဲ့ထဲ ၀င်ရောက်လိုသူတွေ၊ ရာထူးအရွှေ့အပြောင်းလုပ်ချင်သူတွေကို လိုသလိုဆောင်ရွက်ပေး နိုင်တယ်လို့ ပြောထားတဲ့အတွက် ယုံကြည်သူတွေက တစ်ဦးကို ဘတ်ငွေ ၁ သိန်းကနေ ၂ သိန်းထိ ဘဏ်စာရင်းထဲ လွှဲပေးထားကြောင်း အထောက်အထားတွေ့ရှိတယ်လို့ ခရိုင်ရဲတပ်ဖွဲ့က ပြောပါတယ်။ သူဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကလည်း ငွေလိမ်ယူမှုနဲ့  စမွတ်စခွန် ခရိုင်ရဲတပ်ဖွဲ့မှာ  နာမည်ပျက်စာရင်း သွင်းခံထားရသူဖြစ်တယ်လို့ ရဲတပ်ဖွဲ့က ပြောသွားပါတယ်။ ဓာတ်ပုံ - dailynews.co.th [gallery ids="95930,95931,95932"]
7 years Ago
More News
Up