၁ဦးကျဆုံး၁၁ဦးဖမ်းဆီးခံရ

April 4, 2021

ဗန်းမော်တွင် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ကြောင့် ၁ ဦးကျဆုံး၊ ၁၁ ဦး အဖမ်းခံရ

ကချင်ပြည်နယ် ဗန်းမော်မြို့နယ် ရပ်ကွက်အတွင်းမှာ ဧပြီ ၄ ရက်နေ့ မနက် ၃ နာရီလောက်က ဝင်စီးတပ်စွဲထားတဲ့ အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ မွန်းတည့် ၁၂ နာရီလောက်မှာ ပြန်ရုပ်သိမ်းသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အကြမ်းဖက်စစ်ကောင်စီဝင်တွေဟာ နေအိမ်ပိုင်ဆိုင်မှုတွေ၊ လုံ ခြုံရေးအတားအဆီးတွေကိုလည်း  ဖျက်ဆီးခဲ့ကြပြီး၊ ပစ္စည်းတွေ ဒိုင်းကာတွေ ယူဆောင်သွားခဲ့ကာ ပြည်သူ ၁၁ ဦးအား ရိုက်နှက်နှိပ်စက်ဖမ်းဆီးသွားခဲ့ပါတယ်။

ဒါ့အပြင် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကြောင့် မင်းမနိုင်ရပ်ကွက်က ကိုမင်းနိုင်ဦး ခေါ် ကိုဖိုးသားလည်း ကျဆုံးခဲ့ရတယ်လို့ သိရှိရပါတယ်။

အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ တရားဥပဒေမဲ့ ပစ်ခတ်မှုကြောင့် ဗန်းမော်မြို့မှာ သေဆုံးသူ ၃ ဦးနဲ့ အများအပြား ဖမ်းဆီးတရားစွဲဆို ခံထားရကာ မိသားစုဝင်တွေနဲ့ တွေခွင့်မရဘူးလို့ ဒေသခံတွေက ပါတယ်။

1 month Ago
Up