၁ဦးကျဆုံး

March 30, 2021

မူဆယ်တွင် အကြမ်းဖက်စစ်အုပ်စုက ပစ်ခတ်သဖြင့် ဦးခေါင်းကျည်ထိမှန်ပြီး ၁ ဦးကျဆုံး

ဒီနေ့မနက် ၁၁ နာရီ ဝန်းကျင်က မူဆယ် ၄၅ ကုန်း သပိတ်စစ်​ကြောင်းမှာ ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်နေတဲ့ ပြည်သူတွေကို အကြမ်းဖက်စစ်တပ်နဲ့ ရဲတပ်ဖွဲ့က လိုက်လံပစ်ခတ်တာကြောင့် အမျိုးသား ၁ ဦး ကျဆုံးသွားတယ်လို့ ပါဝင်သူတွေက ပြောပါတယ်။

ကျဆုံးသူမှာ အသက် ၃၅ နှစ်ရှိ စျေးသည် ကိုညိုမင်းသူ ဖြစ်ပြီး မူဆယ် ဟိုမွန်ရပ်ကွက်၊ ကံ့ကော်လမ်းခွဲ၊ အ.ထ.က ၂  လမ်းဆုံမှာ ဦးခေါင်းကျည်ထိမှန် ဒဏ်ရာနဲ့ ကျဆုံးသွားတယ်လို့ မျက်မြင် ၁ ဦးက ပြောပါတယ်။

မူဆယ်မှာ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ဆန္ဒပြတဲ့ ပြည်သူတွေကို အကြမ်းစစ်တပ်နဲ့ ရဲတပ်ဖွဲ့က လိုက်လံပစ်ခတ်ဖြိုခွင်းတာကြောင့် ၄ ဦးကျဆုံးခဲ့ပြီဖြစ်ပြီး အရင်နေ့က အလောင်းတွေ အားလုံး ပြန်မရခဲ့တာလည်းဖြစ်ပါတယ်။

8 months Ago

March 27, 2021

စစ်ကိုင်းသပိတ်စစ်ကြောင်းများ အကြမ်းဖက်ဖြိုခွင်းခံရ၊ ၁ ဦးကျဆုံးပြီး အများအပြားဒဏ်ရာရ

စစ်ကိုင်းမြို့၊ ငါးထပ်ကြီးဘုရားအနီးမှာ ဒီနေ့မနက်  ၁၀ နာရီ‌ကျော်လောက်က စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်စစ်ကြောင်းကို အကြမ်းဖက် စစ်တပ်နဲ့ရဲတပ်ဖွဲ့က သေနတ်နဲ့ ပစ်ခတ်ဖြိုခွင်းတာကြောင့် ၁ ဦး ကျဆုံးပြီး အများအပြား ဒဏ်ရာရတယ်လို့ သိရပါတယ်။

ဆန္ဒပြရာမှာပါဝင်သူတဦးက “ကျနော်တို့ ကန္နားတော်ရပ်နဲ့ ညောင်ကုန်းရပ်ထဲမှာ ဆန္ဒပြတဲ့ပြည်သူတွေ အများကြီးပဲ ပိတ်မိနေတယ်။ ဒဏ်ရာရတဲ့သူတွေလည်း များပါတယ်။ ငါထပ်ကြီး ဘုရားထိပ်မှာ တော့စစ်တပ်နဲ့ရဲတပ်ဖွဲ့က လမ်းတွေပိတ်ပြီး သေနတ်တွေနဲ့ပစ်ခတ်နေတယ်။ ‌ချင်းစုနဲ့ ကျောက်ဝိုင်းထိပ်မှာလည်း ပိတ်ဆို့ပြီး ပစ်ခတ်နေတယ်။ ကျနော် တို့လည်း ခုထိပိတ်မိနေလို့ ဘယ်မှ သွားမရသေးဘူး” လို့ DVB ကို ပြောပါတယ်။

ဒီနေ့မနက်အ‌စောပိုင်းကစတင်ပြီး စစ်ကိုင်းမြို့နယ်အနှံ့မှာ ပြည်သူတွေက သပိတ်စစ်ကြောင်းတွေနဲ့ ချီတက် ဆန္ဒပြခဲ့ကြပါတယ်။

ရဲတပ်ဖွဲ့နဲ့ စစ်တပ်ကလည်း ကျည်အစစ်တွေ သုံးပြီး အကြမ်းပစ်ခက်ဖြိုခွင်းနေတယ်လို့ ဆိုပါတယ်။

8 months Ago

စဉ့်ကိုင်မြို့နယ်တွင် အကြမ်းဖက်စစ်အုပ်စု ပစ်ခတ်မှုကြောင့် ၁ ဦး ကျဆုံး

မန္တလေးတိုင်း စဉ့်ကိုင်မြို့နယ်မှာ မတ်လ ၂၇ ရက်နေ့မနက်က စစ်အာဏာရှင်ဆန့်ကျင်တော်လှန်ရေး ဆန္ဒပြပွဲကြို အကြမ်းဖက် စစ်အုပ်စုကပစ်ခတ်မှုကြောင့် ၁ ဦး ကျဆုံးခဲ့တယ်လို့ သိရပါတယ်။

ဒီနေ့မနက် ဆန္ဒပြပွဲကို အကြမ်းဖက်စစ်အုပ်စုက ပစ်ခတ်ဖြိုခွင်းခဲ့တာကြောင့် မုန်ပင်ကျေးရွာက ကိုဝေမောင် (၂၄) နှစ် ဝမ်းဗိုက်မှာ ကျည်ထိမှန် ကျဆုံးသွားတာလို့ ဒေသခံတဦးက ပြောပါတယ်။

8 months Ago
Up