၁နာရီကြာခရီး

March 2, 2019

၁နာရီကြာခရီးကို ၆ မိနစ်အတွင်း မြစ်ကိုဖြတ်ပြီး အရောက်သွားသည့် တရုတ်နိုင်ငံသား (ရုပ်သံ)

တရုတ်နိုင်ငံက အသက် ၂၉ နှစ်အရွယ် အမျိုးသားတယောက်ဟာ ယာဉ်ကြောပိတ်ဆို့မှုဒဏ်ကို ရင်ဆိုင်ဖို့ အကောင်းဆုံးနည်းလမ်းကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။ လျူဖူကိုလို့ခေါ်တဲ့ ဒီအမျိုးသားဟာ ချုံကွင်းဒေသက ဝမ်ဇိုခရိုင်မှာ အာမခံကိုယ်စားလှယ် အဖြစ် အသက်မွေးနေသူဖြစ်ပြီး ယန်ဇီမြစ်ရဲ့ တစ်ဖက်ကမ်းမှာ နေထိုင်တယ်လို့  ဖေဖော်ဝါရီ ၂၅ ရက်နေ့ OC သတင်းမှာ ဖော်ပြပါတယ်။ ဒါ့ကြောင့် သူဟာ နေ့စဉ်နေ့တိုင်း ယန်ဇီမြစ်ကို ဖြတ်ကာ အလုပ်ကိုသွားရပြီး အလုပ်ကို သွားဖို့ နာရီဝက်၊ ၄၅ မိနစ်လောက်အချိန်ယူရပါတယ်။ ဒါပေမယ့် မကြာသေးခင်က စတင်ကာ သူအမြဲတမ်းအသုံးပြုနေတဲ့ မြစ်ကူးတံတားကို အာဏာပိုင်များက ပြန်လည်မွမ်းမံမှုတွေဖြစ်လုပ်ခဲ့ပါတယ်။ ဒီမွမ်းမံမှုတွေကြောင့် တံတားပေါ်မှာ ယာဉ်ကြောတွေ ကြပ်တည်းခဲ့ရပြီး ကားတွေပိတ်ကာ လျူအတွက် အိမ်ကနေ အလုပ်ကိုရောက်ဖို့ ကြာမြင့်ချိန်ဟာလည်း ၁ နာရီနီးပါးဖြစ်လာခဲ့ပါ တယ်။ နေ့စဉ်နေ့တိုင် ဒီလိုအခြေအနေနဲ့ ကြုံတွေ့လာရတာကြောင့် လျူဟာ တခြားနည်းလမ်းကနေ အလုပ်သွားဖို့ ဆုံးဖြတ်ခဲ့ပြီး သူ့မှာရှိတဲ့ ဘုတ်ပြား လှော်တက်တို့နဲ့အတူ မြစ်ကိုဖြတ်ကူးဖို့ အကြံဉာဏ်ရရှိခဲ့ပါတယ်။ လျူဟာ ကျွမ်းကျင်တဲ့ ရေလှိုင်းစီးသူတစ်ယောက်ဖြစ်ပြီး သူ့ရဲ့ စိတ်ကူးအကြံဉာဏ်ကြောင့် အရင်ကအချိန် တနာရီကျော်ကြာခဲ့တဲ့ခရီးကို အခုချိန်မှာ ခြောက်မိနစ်နဲ့ အရောက်သွား နိုင်နေပြီဖြစ်ပါတယ်။ ရုံးတက်ချိန်တိုင်း သူများတွေက ဘတ်စ်ကားဂိတ်မှာ ကားစောင့်နေကြပေမယ့် လျူဖူကိုကတော့ သူ့ရဲ့ဘုတ်ပြားနဲ့ လှော်တက်ကိုလက်က ကိုင်ကာ ပစ္စည်းတွေထည့်ထားတဲ့ ရေလုံအိတ်နဲ့တူ မြစ်ကမ်းစပ်မှာ မြင်တွေ့ရမှာပဲ ဖြစ်ပါတယ်။ လျူဟာ မီတာ ၁၀၀၀ နီးပါးကျယ်ဝန်းတဲ့မြစ်ကို အလွယ်တကူဖြတ်သန်းသွားလာပြီး ဟိုဘက်ကမ်းစပ်ကိုရောက်တဲ့အချိန်မှာ အဝတ်အစားလဲလှယ်မှုကိုပြုလုပ်ကာ သူ့အလုပ်ရှိရာကို ဆက်လက် သွားရောက်ပါတယ်။ “ဒီမြစ်က မီတာ ၁၀၀၀ အထက်မှာပဲရှိတယ်ဗျ။ ကျနော်သာ ကားနဲ့ သွားမယ်ဆိုရင် အချိန်အကြာ ကြီးစောင့်ဆိုင်းရမှာဖြစ်ပြီး ဒီလိုနည်းတဲ့သွားတော့ ခြောက်မိနစ်ပဲ အချိန်ယူရပါတယ်။ ဒီနေ့ လှိုင်းထနေလို့ ကျနော်နည်းနည်း ကြာသွားပါတယ်” လို့ လျူက ပြောပါတယ်။ လျူဟာ ကျွမ်းကျင်တဲ့ လှိုင်းစီးအားကစားသမားဖြစ်တာကြောင့် သူလိုရာကိုအလွယ်တကူ သွားရောက် နိုင်တာဖြစ်ပြီး သူ့ရဲ့ ထူးခြားတဲ့ သယ်ယူပို့ဆောင်ရေးစနစ်ကို တရုတ်နိုင်ငံက အင်တာနက်အသုံးပြုသူများစွာ ကသဘောကျနှစ်သက်နေပါတယ်။ ဒါပေမယ့် လျူကတော့ လိုအပ်တဲ့ကျွမ်းကျင်မှုနဲ့ လုံခြုံရေး အသုံးအဆောင်တွေမရှိရင် သူ့နည်းလမ်းကို လိုက်လံတုပ အသုံးမပြုကြဖို့ သတိပေးထားပါတယ်။
2 years Ago
Up