၀၀၀ ကျော် ဖမ်းခံရ

January 5, 2017

ထိုင်းနိုင်ငံတွင် ၆ ရက်အတွင်း အရက်သောက်သုံးပြီး ယာဉ်မောင်းသူ ၅၉,၀၀၀ ကျော် ဖမ်းခံရ

နှစ်သစ်ကူးအစီစဉ်ဖြစ်တဲ့ “အန္တရာယ်ရှိသော ၇ ရက်” လမ်းလုံခြုံစိတ်ချရေး ကမ်ပိန်းအတွက် ပြီးခဲ့တဲ့ ၆ ရက်အတွင်း လုပ်ဆောင်ခဲ့တဲ့ စီမံချက်မှာ အရက်သေစာ သောက်သုံးပြီး ယာဉ်မောင်းတာနဲ့ စည်းကမ်းတကျ မမောင်းနှင်လို့ လူပေါင်း ၅၉,၀၀၀ ကျော် ဖမ်းဆီးခံခဲ့ရပြီး ယာဉ်စုစုပေါင်း ၄,၂၀၀ ကျော် သိမ်းဆည်းခံရတယ်လို့ National Council for Peace and Order (NCPO) ရဲ ဒုတိယ ပြောရေးဆိုခွင့်ရှိသူ ဆီရီချန်နက်ဂ်သွန်က ပြောကြောင်း ဘန်ကောက်ပို့စ်သတင်းမှာ ဖော်ပြထားပါတယ်။ ၂၀၁၆ ခုနှစ် ဒီဇင်ဘာလ ၂၉ ရက်နဲ့ ၂၀၁၇ ခုနှစ် ဇန်နဝါရီလ ၃ ရက် အကြား မော်တော်ဆိုင်ကယ်၂၉၆၅ စီးနဲ့ ကား ၁၂၄၃ စီး သိမ်းဆည်းခံရခြင်းနဲ့အတူ စုစုပေါင်း မော်တယ်ဆိုင်ကယ် မောင်းနှင်သူ ၃၈,၁၆၈ ဦးနဲ့ ကားမောင်းသူ ၂၀,၈၈၉ ဦးတို့ တရားရင်ဆိုင်နေရတယ်လို့ ဆီရီချန်က ဇန်နဝါရီ ၄ ရက်နေ့က ပြောလိုက်တာပါ။ နှစ်သစ်အားလပ်ရက်ရှည်အတွက် မြို့ရဲ့အပြင်ဖက် မြို့နယ်တွေကို သွားရာကနေ ဘန်ကောက်ကို ပြန်လာကြတဲ့ ဇန်နဝါရီလ ၃ ရက်တစ်ရက်တည်း ယာဉ်ပေါင်း ၄၅၈ စီးကို သိမ်းဆည်းမှုနှင့်အတူ အရက်သောက်ပြီး မော်တော်ဆိုင်ကယ် မောင်းနှင်လို့ ဆိုင်ကယ် မောင်းသူ ၇၃၇၀ ဦး ဖမ်းဆီးခံခဲ့ရတယ်လို့ သိရပါတယ်။ ယာဉ်မတော်တဆတိုက်မှုတွေကို လျော့ချနိုင်ဖို့ ယာဉ်မောင်းသူတွေအနေနဲ့ လမ်းစည်းကမ်းတွေကို တိတိကျကျလိုက်နာရန် တိုက်တွန်းထားတဲ့ ၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလ ၂၉ ရက်မှ ၂၀၁၇ ခုနှစ်၊ ဇန်နဝါရီလ ၅ ရက်အထိ ၇ ရက်ကြာ နှစ်သစ်ရဲ့ “အန္တရာယ်ရှိသော ၇ ရက်” ကမ်းပိန်းကို စစ်အရာရှိတွေက ဦးစီးလုပ်ဆောင်ခဲ့တာပါ။ ယာဉ်မတော်တဆ တိုက်မှုတွေကို လျော့ချဖို့နဲ့ ကာကွယ်ဖို့ ကြိုးစားရန်အတွက် ဒီနှစ်မှာတော့ အာဏာပိုင်တွေက ပိုမိုတင်းကျပ်တဲ့ စည်းမျဉ်းစည်းကမ်းတွေကို ချမှတ်လာတာပါ။ ဒါပေမဲ့လည်း ဇန်နဝါရီလ ၂ ရက်နေ့က လူ ၂၅ ဦး သေဆုံးစေခဲ့တဲ့ ယာဉ်တိုက်မှု ချွန်ဘူရီမှာ ဖြစ်ခဲ့ပါတယ် ကမ်ပိန်းကာလ ၇ ရက်အတွင်း ယာဉ်မတော်တဆဖြစ်မှု စုစုပေါင်း ၃၅၇၉ ခု ဖြစ်ခဲ့ပြီး လူ ၄၂၆ ဦး သေဆုံးမှုနဲ့အတူ ၃၇၆၁ ဦး ဒဏ်ရာရခဲ့ကြောင်း လမ်းစည်းကမ်း ဗဟိုဌာနရဲ့ ပြောကြားချက်အရ သိရပါတယ်။
5 years Ago
Up