၀၀၀ ကျော်အထိရှိလာ

October 6, 2020

မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာပေါင်း ၂၀,၀၀၀ ကျော်အထိရှိလာ   

ကိုဗစ်-၁၉ ရောဂါအတည်ပြုလူနာသစ် ၁၂၅၂   ယောက်နဲ့ သေဆုံးသူ  ၂၇  ယောက် ထပ်တိုးလာပြီး မြန်မာနိုင်ငံမှာ အတည်ပြုလူနာပေါင်း ၂၀,၀၃၃  ယောက်ရှိသွားပြီလို့  ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက အောက်တိုဘာ ၆ ရက် ည ၈ နာရီမှာ ထုတ်ပြန်ပါတယ်။ အောက်တိုဘာ ၅ ရက်နေ့ ည ၈ နာရီကနေ ၆ ရက်နေ့ ည ၈ နာရီအထိ ဓာတ်ခွဲနမူနာ စုစုပေါင်း ၁၀,၀၇၄ ခုအား စစ်ဆေးပြီးစီးခဲ့ရာ ကိုဗစ်-၁၉ လူနာသစ်  ၁၂၅၂  ယောက် တွေ့ရှိခဲ့တာပါ။ လူနာသစ်တွေနဲ့ ပတ်သက်တဲ့ အသေးစိတ် အချက်အလက်တွေကိုတော့ ထုတ်ပြန်ကြေညာခြင်း မရှိသေးပါဘူး။ မြန်မာနိုင်ငံမှာ ဒီနေ့ည ၈ နာရီအထိ ကိုဗစ်-၁၉ အတည်ပြုလူနာစုစုပေါင်း ၂၀,၀၃၃  ယောက် ၊ သေဆုံးသူ ၄၇၁  ယောက်နဲ့ ဆေးရုံက ဆင်းခွင့်ရသူပေါင်း ၅၇၈၂ ယောက် ရှိပြီလို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
7 months Ago
Up