ဝူဟန်ဖိတ်ခေါ်ဖလားပြိုင်ပွဲ

June 27, 2019

ဝူဟန်ဖိတ်ခေါ်ဖလားပြိုင်ပွဲဝင်ရန် မြန်မာယူ ၁၄ အသင်း ၀ူဟန်မြို့ကို သွားရောက်

တရုတ်နိုင်ငံ၊ ဟူဘေးပြည်နယ်၊ ၀ူဟန်မြို့မှာ ကျင်းပမယ့် တတိယအကြိမ်မြောက် ၀ူဟန်ဖိတ်ခေါ်ဖလားဘောလုံးပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ဖို့ မြန်မာ့လက်ရွေးစင် ယူ ၁၄ အသင်းဟာ  ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ကနေ ဝူဟန်မြို့ကို ဒီနေ့မနက်ပိုင်း ထွက်ခွာသွားပါတယ်။ မြန်မာယူ ၁၄ အသင်းကို နည်းပြချုပ်အဖြစ် အမျိုးသားဘောလုံးအကယ်ဒမီ (မန္တလေး)မှ ဦးဘိုဘိုအောင်က တာဝန်ယူဆောင်ရွက်သွားမည်ဖြစ်ပြီး အုပ်ချုပ်နည်းပြ ၆ ယောက်၊ ကစားသမား ၁၈ ယောက် စုစုပေါင်း ၂၄ ဦးနဲ့ ဖွဲ့စည်းထားတယ်လို့ ဘောလုံးအဖွဲ့ချုပ်က ထုတ်ပြန်ပါတယ်။ ၀ူဟန်ဖိတ်ခေါ်ဖလား ဘောလုံးပြိုင်ပွဲကို ဇွန် ၂၉ ရက်မှ ဇူလိုင် ၅ ရက်အထိ ကျင်းပမှာဖြစ်ပြီး ပြိုင်ပွဲဝင် အသင်း ၈ သင်းက အုပ်စုနှစ်ခု ခွဲပြီး ယှဉ်ပြိုင်ကစားကြမှာပါ။ အုပ်စု (က) မှာ မြန်မာ တရုတ် တောင်ကိုရီးယား၊နဲ့ အင်ဒိုနီးရှားယူ ၁၄ အသင်းတို့ ပါဝင်နေပြီး အုပ်စု ခ မှာ အိမ်ရှင် ၀ူဟန်၊ မြောက်ကိုရီးယား၊ ဂျပန်ကလပ် အိုဆာကာယူ ၁၄ အသင်းနဲ့ မလေးရှားယူ ၁၄ အသင်းတို့ ပါဝင်ပါတယ်။ မြန်မာအသင်းဟာ ဇွန် ၂၉ ရက်မှာ တရုတ်အသင်း၊ ဇွန် ၃၀ ရက်မှာ တောင်ကိုရီးယား၊ ဇူလိုင် ၂ ရက်မှာ အင်ဒိုနီးရှားယူ ၁၄ အသင်းတိုနဲ့ ယှဉ်ပြိုင်ကစားရမှာပါ။
3 years Ago
Up