ဝု့စ်ဘက် (ရုပ်သံဟိုက်လိုက်)

September 23, 2017

ဂျာမန်ဘွန်ဒတ်စ်လီဂါ ဘိုင်ယန် ၂-၂ ၀ု့စ်ဘက် (ရုပ်သံဟိုက်လိုက်)

မနေ့ညက ယှဉ်ပြိုင်သွားတဲ့ ဂျာမန်ဘွန်ဒတ်စ်လီဂါ ပွဲစဉ်မှာ နာမည်ကြီး ဘိုင်ယန်မြူးနစ်အသင်း ၀ု့စ်ဘက် အသင်းနဲ့ ၂ ဂိုးစီ သရေကျသွားပါတယ်။ ဘိုင်ယန်အတွက် ဦးဆောင်ဂိုးကို တဖက်နောက်တန်းရဲ့ ဖျက်ထုတ်မှုကြောင့် ပင်နယ်တီရခဲ့ပြီး တိုက်စစ်မှူး လီဝမ်းဒေါ့စကီးက သွင်းယူပါတယ်။ ဘိုင်ယန်အတွက် ဒုတိယဂိုးကို ပထမပိုင်းပြီးကာနီးမှာ ရော်ဘင်က သွင်းယူပါတယ်။ ဒီပွဲမှာ ဘိုင်ယန်က ခြေအသာနဲ့ ကစားသွားပြီး ကန်သွင်းခွင့်တွေလည်း ပိုရခဲ့ပါတယ်။ ၀ု့စ်ဘက်အတွက် ပထမ ချေပဂိုးကို အဝေးကစ်ကနေ သွင်းယူပါတယ်။ ဘိုင်ယန်ရဲ့ အဓိက ဂိုးသမား နူအာ ဒဏ်ရာရှိနေလို့ အရန်ဂိုးသမားကို အသုံးပြု သွားပါတယ်။ ဒုတိယချေပဂိုးကို ၈၂ မိနစ်မှာ သွင်းယူပြီး သရေတမှတ်စီ ခွဲယူလိုက်ရပါတယ်။ ဒီပွဲသရေကျလို့ ဘိုင်ယန်မြူးနစ်ဟာ အမှတ်ပေးဇယားကို ဦးဆောင်နိုင်မယ့် အခွင့်အရေးကို လက်လွှတ်လိုက်ရပြီး ဒုတိယနေရာမှာ ရပ်တည်နေပါတယ်။
4 years Ago
Up