ဝုဖ်ဘာ့ဂ်

December 9, 2015

ဝုဖ်ဘာ့ဂ်ကို ရှုံးပြီး ချန်ပီယံလိဂ် အုပ်စုအဆင့်မှ ထွက်ခဲ့ရသည့် မန်ယူ (ရုပ်သံဟိုက်လိုက်)

ချန်ပီယံလိဂ် အုပ်စု ဘီ နောက်ဆုံးပွဲစဉ်အဖြစ် ဂျာမန်ကလပ် ၀ုဖ်ဘာ့ဂ်နဲ့ ပရီးမီးယားလိဂ် ထိပ်သီး မန်ချက်စတာယူနိုက်တက်တို့ ဒီဇင်ဘာ ၈ ရက်ညက ယှဉ်ပြိုင်ရာ ၀ုဖ်ဘာ့ဂ်က ၃ ဂိုး ၂ ဂိုးနဲ့ အနိုင်ရသွားပါတယ်။ အဝေးကွင်းမှာ သွားရောက်ယှဉ်ပြိုင်ရတဲ့ မန်ယူအနေနဲ့ ဒီပွဲမှာ ဘောလုံးပိုင်ဆိုင်မှု ၅၅ ရာခိုင်နှုန်းရှိပြီး အသာစီး ရခဲ့ပေမယ့် နောက်တန်းအားနည်းချက်ကြောင့် အရှုံးပေးလိုက်ရတာပါ။ မန်ယူအတွက် ၁၀ မိနစ်မှာ လူငယ်တိုက်စစ်မှူး မာရှယ် (Anthony Martial) က ပထမဂိုးနဲ့ ၈၂ မိနစ်မှာ ၀ုဖ်ဘာ့ဂ်အသင်းက ဂြီလာဗုိဂြီ (Joshua Guilavogui) ကိုယ့်ဂိုးကိုယ်သွင်းမိရာက ဒုတိယဂိုး ရသွားပါတယ်။ ၀ုဖ်ဘာ့ဂ်အတွက် ချေပဂိုးနဲ့ အနိုင်ဂိုးတွေကိုတော့ ၁၃ မိနစ်နဲ့ ၈၄ မိနစ်တွေမှာ နာလ်ဒို (Naldo) တဦးတည်း ၂ ဂိုး၊ ၂၉ မိနစ်မှာ ဗီအီရင်ဟာ (Vieirinha) က ၁ ဂိုး သွင်းယူပေးခဲ့ပါတယ်။ အုပ်စုဘီ တခြားပွဲစဉ်ဖြစ်တဲ့ ပီအက်စ်ဗွီနဲ့ စီအက်စ်ကေအေ မော်စကိုတို့ပွဲမှာတော့ ပီအက်စ်ဗွီက ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရသွားပါတယ်။ အုပ်စုပွဲစဉ်တွေ အပြီးမှာတော့ ၀ုဖ်ဘာ့ဂ်က အုပ်စုပထမ၊ ပီအက်စ်ဗွီက အုပ်စုဒုတိယအနေနဲ့ ချန်ပီယံလိဂ် နောက်တဆင့် တက်သွားပြီး ဒီပွဲရှုံးနိမ့်ခဲ့တဲ့ မန်ယူကတော့ အုပ်စု တတိယနေရာပဲရလို့ ချန်ပီယံလိဂ် အုပ်စုအဆင့်က ထွက်ရပြီး ယူရိုပါလိဂ်မှာ ဆက်လက်ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
6 years Ago
Up