ဝီလ်ရှိုင်းယား

February 10, 2018

ဝီလ်ရှိုင်းယား စာချုပ်သက်တမ်တိုးမည်ဟု အာစင်ဝင်းဂါး မျှော်လင့်

ကွင်းလယ်ကစားသမား ဂျက်ဝီလ်ရိုင်းယားအနေနဲ့ အသင်းနဲ့ စာချုပ်သက်တမ်း တိုးလိမ့်မယ်လို့ အာဆင်နယ်နည်းပြ အာစင်ဝင်းဂါးက မျှော်လင့်ထားပါတယ်။ အသက် ၂၅ နှစ်ရှိ အင်္ဂလန်ကွင်းလယ်ကစားသမား ၀ီလ်ရိုင်းယားဟာ အခုနှစ် ဘောလုံးရာသီအကုန်မှာ စာချုပ်သက်တမ်း ကုန်ဆုံးမှာဖြစ်လို့ အာဆင်နယ်အသင်းက သက်တမ်းတိုးဖို့ ကြိုးပမ်းနေတာပါ။ ၀ီလ်ရိုင်းယားနဲ့ စာချုပ်သက်တမ်းတိုးဖို့ ကြိုးပမ်းနေပေမယ့် လစာကိစ္စမှာ အဆင်မပြေဖြစ်နေပြီး အာဆင်နယ်အသင်းက လက်ရှိလုပ်ခထက် ပေါင် ၂ သောင်းလျော့ပြီး ပေးဖို့ ဆန္ဒရှိနေတာပါ။ ၀ီလ်ရိုင်းယားဟာ တပတ်လုပ်ခ ပေါင်တစ်သိန်းလောက် ရရှိနေသူဖြစ်ပြီး အာဆင်နယ်အသင်းက ပေါင် ၂ သောင်းလျှော့ကာ တပတ်လုပ်ခ ပေါင် ၈ သောင်းနဲ့ စာချုပ်သက် တမ်း တိုးလိုတာဖြစ်ပါတယ်။ ကစာသမားဘက်ကတော့ အသင်းမှာဆက်ရှိနေလိုပြီး အေးဂျင့်နဲ့ လုပ်ခလစာကိစ္စ အပြီးသတ်ဆွေးနွေးရဖို့ရှိနေပါတယ်။ အာဆင်နယ်အသင်းမှာ ကွင်းလယ်ကစားသမား အိုဇေးလ်က တစ်ပတ်ပေါင် သုံးသိန်းခွဲရရှိနေပြီး ကစာသမားသစ်တွေဖြစ်တဲ့ မီခီတာယန်နဲ့ အူဘာမီယန်းတို့ဟာလည်း ပေါင်နှစ်သိန်းလောက် ရရှိနေတာဖြစ်ပါတယ်။
4 years Ago

June 10, 2015

စပါးအသင်းကို စော်ကားသီချင်းဆိုသည့် ၀ီလ်ရှိုင်းယား တရားစွဲခံရ

အက်ဖ်အေဖလားရရှိပြီး  လန်ဒန်မြို့မှာ လှည့်လည်အောင်ပွဲခံတုန်း  မြို့ခံ စပါးအသင်းကို လှောင်ပြောင် စော်ကားတဲ့ သီချင်းတွေ ဆိုခဲ့တဲ့ အာဆင်နယ် အလယ်တန်းလူ ဂျက်ဝီလ်ရှိုင်းယားကို အင်္ဂလိပ်ဘောလုံးအဖွဲ့ချုပ်(အက်ဖ်အေ)က တရားစွဲဆိုလိုက်ပါတယ်။ အသက် ၂၃ နှစ်အရွယ်  ဂျက်ဝီလ်ရှိုင်းယားကတော့  ၁ ရာသီလုံး ပြင်းပြင်းထန်ထန် အလုပ်လုပ်ခဲ့ရတဲ့ သူတို့အနေနဲ့ စိတ်လွတ်လက်လွတ် အောင်ပွဲခံမိတာဖြစ်ပြီး  သူ့အနေနဲ့ နောင်တရပေမယ့် အခုလို အရေးယူတာကတော့  အနည်းငယ်ပြင်းထန်သလိုဖြစ်နေတယ်လို့ ပြောပါတယ်။
6 years Ago
Up